heather

583 49 4
                                    

Song- Heather (Conan Gray)

Wish I were ......




ထပ်တူညီတဲ့ အရာတွေက ဆက်တိုက်ဖြစ်တတ်တယ်ဆိုရင် 1986ခုနှစ်က အစပဲ။

အိပ်မက်တစ်ခုလို၊ ငေးကြည့်ရ.. ရူးရ.. မျှော်လင့်ရ.. နာကျင်ရနဲ့... မလှပတာတွေ အတော်များများစတင်ခဲ့တဲ့ မေ့ချင်သည့်တိုင် မေ့မရခဲ့တဲ့ခုနှစ်။





During one summer of 1986



အိမ်အသစ်ပြောင်းလာတယ်ဆိုတဲ့ အသံကြောင့် ထကြည့်မိတော့ ပစ္စည်းချသူတွေကချ၊ သယ်သူတွေက သယ်နှင့် အလုပ်ရှုပ်နေကြတဲ့ မျက်စောင်းထိုး အိမ်ကို တွေ့လိုက်ရသည်။ ပူပြင်းလွန်းတဲ့ ဒီနွေရာသီကြီးမှာ အိမ်ပြောင်းဖို့ ဘယ်လိုများ စိတ်ကူးပေါက်ခဲ့ကြပါလိမ့်...။

ဘေးနားရပ်နေတဲ့ ဟီဆွန်းကလည်း အိမ်သစ်ဘက်ကို လှမ်းကြည့်လို့နေတယ်။

တစ်ပြိုင်တည်းမှာပဲ ဆန်မုန့်ပန်းကန်ကို ကိုင်ထားတဲ့ အန်တီနဲ့ မိန်းကလေးတစ်ယောက် သူတို့ အိမ်ဘက်ကို ဦးတည် လာနေတော့ ဆောင်းဟွန်း မေမေက ပြုံးပြကြိုဆိုသည်။

မိတ်ဆက်ကြပြီးတဲ့နောက် ယွန်းမီဆိုက သူတို့နဲ့ ရွယ်တူဖြစ်ကြောင်း သိလိုက်ရတော့ ဘာကို စိတ်ပူသွားမိမှန်း မသိနဲ့ ဟီဆွန်းရှိတဲ့ဘက်ကို ဆောင်းဟွန်း ခပ်တွေတွေ ကြည့်နေမိတော့တယ်။

ဟီဆွန်းကတော့ တစ်ဖက်က ကောင်မလေးချောချောကို ပြုံးပြနေရဲ့။ လိုတာထက်ပိုလို့ ဖော်ရွေနေရဲ့။

ရင်တထိတ်ထိတ်နဲ့ အားအင်တွေလျော့လာပြီး ဆောင်းဟွန်းရင်ဘတ်ထဲ တင်းကျပ်ပြီး မအီမသာဖြစ်လာရတယ်။

အပြင်သွားတော့မယ့်အကြောင်းပြောတော့ မေမေက သူတို့နဲ့အတူ မီဆို့ကိုပါ ခေါ်သွားစေလိုကြောင်းပြောတော့

"စက်ဘီးနဲ့ဆိုတော့ မရလောက်ဘူး"

"ခြေလျင်သွားရအောင်.."

လို့ ဟီဆွန်းက စကားဖြည့်လိုက်တော့ ဆောင်းဟွန်း မကျေနပ်ချင်တာနဲ့ နောက်ကျောကို မသိမသာ ရိုက်လိုက်မိသေး။

𝑯𝒆𝒆𝒉𝒐𝒐𝒏 𝒇𝒕. 𝒑𝒍𝒂𝒚𝒍𝒊𝒔𝒕𝒔Where stories live. Discover now