espresso

303 51 4
                                    

pov: we just need a sip of hottie espresso ;)

-

ပင်လယ်လေတွေ ကျီစယ်ဆော့ကစားနေတဲ့ ညပါတီပွဲ။
နွေလယ်ည အော်ဟစ်ရယ်မြူးသံတွေဟာ လှိုင်းသံတွေကြား လွင့်လွင့်မျောမျော။

"ဝမ်း တူး .. ဟေး ဟေး"

မြှောက်ပင့်ခေါ်သံတွေမှာ မျက်နှာချင်းဆိုင်ထားတဲ့ ကောင်ငယ်လေးနှစ်ယောက်ထံ။

"နမ်းလိုက် နမ်းလိုက်တော့လေ အီသန်"

"ရား..."

တစ်ဖက်လူငယ်လေးရဲ့ ခါးမှာ အားပါပါလက်ဖဝါးတွေကြားထဲ ပါသွားရင်း။

"ရက်စ် ရက်စ် ဒါပဲလေ"

"အား.. အီသန်လီ .. ဘန်ဂျမင့်နေရာမှာ ငါဖြစ်ရမှာကို ရား.. ဘယ်လောက် ဆွဲဆောင်မှုရှိလိုက်လဲ ရား .. ငါ သေတော့မယ်"

"ဒီနားက သွားရအောင် babe"

ဘန်ဂျမင့်ဆီမှ နူးညံ့သယောင် အမိန့်ပေးသံလေးတစ်ချက်ဟာ အီသန့်ကို ဆွဲငင်ယူသွားတာပဲ။
နက်ပြာရောင် ပင်လယ်ဟာ နက်ရှိုင်းတယ်တဲ့လား။
ဘန့်မျက်လုံးတွေထက်တော့ မပိုဘူးဆိုတာ အီသန် ကျိန်ရဲတယ်။

မိုတယ် အခန်းငယ်လေးရဲ့ တံခါးပိတ်သံ။

"ဘန် .. ငါ ရူးသွားရင် ဘယ်လိုလုပ်မလဲ"

"ငါက အရူးရည်းစားဖြစ်သွားမှာပေါ့"

အီသန့်မျက်ဝန်းတွေမှာ ရီဝေစွာ ပြုံးလိုက်မိရင်း
နှုတ်ခမ်းတွေမှာဖြင့် ဘန်ဂျမင့်နှုတ်ခမ်းလေးတွေရဲ့ လားရာအတိုင်း မြန်ဆန်စွာ လှုပ်ရှားလို့။

"um.. hmm.. bae.."

ဘန်ဂျမင့် နှုတ်ခမ်းဖျားမှ မရဲတရဲ အသံတိုးတိုးကလေးတွေ။
ပိုလို့ ပူးကပ်ခံလိုက်ရသည့် ခန္ဓာကိုယ် ပါးလျလျလေးမှာ အီသန့်ကိုယ်ထဲ တစ်သားတည်း ဖြစ်သွားတော့မယ့်အလား။

ဘန်ဂျမင့်လက်ဖျားတွေဟာ အီသန့်ဆံစတွေကြားမှာ ပြေးကာလွှားကာ။

"အီ .. အီသန်"

လည်ပင်းစပ်လေးတွေအထိ အနမ်းခံရတဲ့အခါ
ရှပ်လက်ရှည် ဖြူဖြူရဲ့ ကော်လံချွန်လေးမှာ ဖျတ်ခနဲ ဆွဲချခံရလို့ ပခုံးစွန်းလေးတွေအထိ ကျူးကျော်ခံရတဲ့အခါ။

𝑯𝒆𝒆𝒉𝒐𝒐𝒏 𝒇𝒕. 𝒑𝒍𝒂𝒚𝒍𝒊𝒔𝒕𝒔Where stories live. Discover now