the october night

550 29 0
                                    

Not related to any song. Just for Halloween.

! Recommend to open background music.

Enjoy~

//


Oct 31.

Halloween.

အကြိုက်ဆုံးပွဲတော်တစ်ခုဖြစ်တဲ့ Halloween။ ဘာနဲ့မှ မလဲနိုင်ဘဲ သဘောအကျဆုံး နေ့။ ဒီတစ်နေ့လုံး ဘယ်သူ့ကိုမှ အချိန်ဖဲ့မမေးဘဲ တစ်ယောက်တည်းသာ ကုန်ဆုံးနေကျပင်။

Halloweenရက် ညနေပိုင်း ရောက်တာနှင့် စာအုပ်ဆိုင်ဆီ ဉီးတည်နေကျ ခြေလှမ်းတွေ..

အနွေးထည်အပါးတစ်ထည်ကို ဝတ်၊ ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းလို့ ထွက်ခဲ့သည်။

Fall seasonရဲ့ သဘာဝအတိုင်း သစ်ပင်တွေ နီကျင်ကျင် ဝါကျင်ကျင်အရောင်ရောယှက်လို့၊ ကြွေကျလာသည့် သစ်ရွက်တွေက လမ်းပေါ်ဖုံးလွှမ်းနေရာယူလျက်ရှိသည်..။

ကလေးအချို့ costumesမျိုးစုံဝတ်ပြီး အိမ်တံခါးလိုက်ခေါက်ကာ trick or treatလုပ်နေကြတာကိုလည်း တွေ့ရသည်။ ဒါ့အပြင် လိမ္မော်ရောင်သန်းသည့် ရာသီတွင် လိမ္မော်ရောင် ပစ္စည်းအများစုကိုသာသုံးပြီး အလှဆင်ထားတဲ့အိမ်တွေရှေ့ ချိတ်ဆွဲထားသည့် မီးမထွန်းရသေးတဲ့ ဖရုံသီး မီးပုံး များစွာ...။

စာအုပ်ဆိုင်ထဲက mysteryနဲ့ပတ်သက်တဲ့ စာအုပ်စင်ရှေ့မှာရပ်ပြီး လက်ချောင်းတွေကို ပြေးလွှားစေလို့ စိတ်ဝင်စားဖို့အကောင်းဆုံးဖြစ်မယ့် စာအုပ်ကို ရှာရသည်။ ဒီလိုနေ့မျိုးမှာ သရဲစာအုပ်တို့၊ ဒရက်ကူလာတို့၊ လူသတ်မှုနဲ့ပတ်သက်တဲ့ စာတွေကို သူ အမြဲ ဖတ်လေ့ရှိတာ..။

တစ်အုပ်ကို ရွေးဝယ်ပြီးတာနဲ့ သင်္ချိုင်းဘက်ကို သွားခဲ့သည်။ စာကြည့်တိုက်ထက်တောင် တိတ်ဆိတ်ပြီး သူ ဝယ်လာတဲ့ ဒရက်ကူလာတွေအကြောင်းဖတ်လို့ကောင်းမယ့်နေရာပဲ။

သင်္ချိုင်းဆိုပေမယ့် စုတ်ပြတ်သတ်နေသည့် ညစ်ပတ်ပတ် ကြောက်စရာကောင်းသည့် နေရာမျိုးမဟုတ်။ သန့်ရှင်း သပ်ရပ်နေကာ သစ်ရွက်အဝါကြွေတွေကြား မြှုပ်လုဆဲဆဲဖြစ်နေသည့် အဖြူရောင်ဂူများကိုသာ တွေ့ရသည်။

သင်္ချိုင်းဆိုပေမယ့် စုတ်ပြတ်သတ်နေသည့် ညစ်ပတ်ပတ် ကြောက်စရာကောင်းသည့် နေရာမျိုးမဟုတ်။ သန့်ရှင်း သပ်ရပ်နေကာ သစ်ရွက်အဝါကြွေတွေကြား မြှုပ်လုဆဲဆဲဖြစ်နေသည့် အဖြူရောင်ဂူများကိုသာ တွေ့ရသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
𝑯𝒆𝒆𝒉𝒐𝒐𝒏 𝒇𝒕. 𝒑𝒍𝒂𝒚𝒍𝒊𝒔𝒕𝒔Where stories live. Discover now