system လောကထဲသို့ရောက်ရှိခြင်း

211 16 0
                                    

ရေမျက်နှာသွင်ပြင် ပတ်လည်၀န်းရံနေသောနေရာ၌ ကောင်လေးတစ်ဦးသည် လဲလျောင်းနေလေသည်။အတန်ကြာသော် အိပ်ပျော်နေပုံရသည့် ထိုကောင်လေးမှာ မျက်လုံးပွင့်လာပြီး ထထိုင်လာသည်။သူရောက်နေသောနေရာကို နားမလည်နိုင်သည့်မျက်လုံးများဖြင့် ပတ်ပတ်လည်ကိုသူကြည့်နေစဥ် သူ့နားထဲ အသံတစ်ခုကိုကြားလိုက်ရသည်။

{ Host }

နားထဲအသံတစ်ခုကြားလိုက်ရကာ ပတ်ပတ်လည်တွင် သူ့တစ်ယောက်တည်းရှိတာကြောင့် ကြက်သီးဖြန်းခနဲ ထသွား၏ ။သူက သရဲကြောက်တတ်သည်လေ။

{ Host ဘာတွေလျှောက်တွေးနေတာလဲဗျ။ကျွန်တော်က သရဲ မဟုတ်ဘူး }

"ဒါ..ဒါဆို မင်းက ဘယ်သူလဲ။သရဲမဟုတ်ရင် ဘာလို့ ငါက မင်းကို မတွေ့ရတာလဲ"

{ ကျွန်တော်က system 00 ပါ။ Host က မူလကမ္ဘာမှာ မေ့မြောနေခဲ့ပြီး host ၀ိဉာဥ်က ဒီကိုရောက်လာခဲ့တာပါ။ကျွန်တော့်ကို ဘာလို့မတွေ့ရသေးတာလဲဆိုတော့ host က ကျွန်တော်နဲ့ စာချုပ်မချုပ်ရသေးလို့ပါ }

"မူလကမ္ဘာမှာ ငါက မေ့မြောနေတယ်ပေါ့။ငါ ဘာလို့ ဘာတစ်ခုမှ မမှတ်မိရတာလဲ"

တွေးလေတွေးလေ ခေါင်းကိုက်လာလေပင်။သူ့အကြောင်း ဘာတစ်ခုမှ မမှတ်မိတော့ဘူး။သူမှတ်မိတာတစ်ခုထဲ။အဲ့ဒါက ပိုင်ချင်းလျန်ဆိုတဲ့ သူ့နာမည်ပဲဖြစ်သည်။သူ ဘာလို့ ဘာတစ်ခုမှ မမှတ်မိရတာလဲ ကျစ်။

{ Host အရမ်းမတွေးနေပါနဲ့ဗျ။ Host ကိုယ်တိုင်ကိုက အတိတ်မေ့ချင်ခဲ့တာကြောင့် host ဘယ်လောက်ပဲစဥ်းစားပါစေ host ပြန်မှတ်မိမှာမဟုတ်ဘူး }

ပိုင်ချင်းလျန် မျက်မှောင်ကြုတ်သွားသည်။သူ့အတိတ်တွေကိုပြန်မမှတ်မိချင်လောက်တဲ့အထိ သူ့အတိတ်တွေက ဆိုး၀ါးလွန်းနေတာလား။

" ငါ ဘာလို့ ဒီကိုရောက်လာတာလဲဆိုတာကိုရော မင်း သိလား "

{ Host က Host ချစ်သူကို ကယ်တင်ဖို့အတွက် ဒီကိုရောက်လာခဲ့တာပါ }

"ငါ့ချစ်သူ ဟုတ်လား"

{ ဟုတ်ပါတယ် Host ... Host က system ကနေ ပေးပို့မယ့်ကမ္ဘာတွေတိုင်းကို၀င်ရောက်ပြီး system ကပေးတဲ့ mission တွေကို ပြီးမြောက်အောင်ဆောင်ရွက်ရမဲ့အပြင်ကို Host ချစ်သူရဲ့၀ိဉာဥ်အစိတ်အပိုင်းတွေကိုပြည့်အောင် စုဆောင်းရမှာပါ }

System 00 ( or ) စစ်ကျဲ့ Where stories live. Discover now