1.1

36 7 0
                                    

ရှဲ့စစ်ရန် အိပ်ပျော်နေရာမှဖုန်းသံကြောင့်နိုးလာသည်။ဖုန်းကိုလျှောက်စမ်းသော်လည်း မတွေ့တာကြောင့် အလိုမကျစွာ မျက်လုံးဖွင့်ကြည့်လိုက်တော့ သူမရင်းနှီးတဲ့အခန်းတစ်ခု။အ၀တ်အစားတွေက ပုံမှန်လို၀တ်စားဆင်ယင်ထားသော်လည်း တစ်ခုခုလွဲနေသယောင်။လည်ကုတ်နားနှင့်ကျောပြင်က စပ်ဖျင်းဖျင်းခံစား‌နေရသလို။ဖုန်းက ဘေးနားက စားပွဲမှာတင်ထားကာ သူနှင့်အနည်းငယ်လှမ်းနေသဖြင့် ထထိုင်ကာ နံပါတ်ကိုကြည့်ပြီး ဖုန်းကိုကိုင်လိုက်သည်။

"Boss ဒီနေ့ နေ့လည်ချိန်းထားတဲ့ အစည်းအဝေးကို မေ့နေတာလား။သိပ်မကြာခင် စတော့မှာဗျ"

လူယုံဖြစ်သည့် အတွင်းရေးမှူးထန်း၏အသံက ဖုန်းထဲကနေ အလောတကြီး ထွက်ပေါ်လာသည်။အချိန်ကိုကြည့်လိုက်တော့ နာရီ၀က်တောင်မလိုတော့။

"အစည်းအဝေးကို နက်ဖြန် ရွှေ့လိုက်"

"ဟုတ်ကဲ့ Boss"
သူပြောသမျှကို အထွန့်တက်ခြင်းအလျဥ်းမရှိ။ချက်ချင်းဆောင်ရွက်တတ်သော အတွင်းအရေးမှူးထန်းကို သူ ဒါ့ကြောင့် စိတ်တိုင်းကျတာပင်။

ဖုန်းချပြီး အခန်းပတ်လည်ကိုထပ်မံစူးစမ်းကာ ရေချိုးခန်းဟုထင်ရသောနေရာကိုလျှောက်သွားလိုက်သည်။ရေချိုးခန်းမှန်ရှေ့တွင် အပေါ်အင်္ကျီကြယ်သီး ၃လုံးခန်းဖြုတ်ထားကာ ညှပ်ရိုးနားမှခပ်နက်နက်သွားရာကို မျက်မှောင်ကြုတ်ကာကြည့်နေသောရှဲ့စစ်ရန်။ကျောပြင်ကိုထပ်မံစစ်ဆေးစရာကိုမလိုအောင် ညက ဘာဖြစ်ခဲ့မှန်း ဘယ်သူမဆိုသိနိုင်လေသည်။ညကဆိုမှ....ရှဲ့စစ်ရန်၏အနက်ရောင်မျက်လုံးများထဲ ရက်စက်မှုအရိပ်အယောင်တချို့ ဖြတ်ပြေးသွားခဲ့သည်။သူ့ကိုတောင် ဆေးခပ်ရဲတယ်ဆိုမှတော့ တန်ရာတန်ကြေး ပြန်ပေးဆပ်ခိုင်းရမှာပေါ့။

သူ့ကို အခုခေါ်လာတဲ့သူကရော ဘယ်သူလဲ။သူ့ကိုဆေးခတ်တဲ့သူတွေနဲ့တစ်ဖွဲ့ထဲလား ဒါမှမဟုတ် ဆေးခတ်ခံထားရတာကိုအခွင့်ကောင်းယူပြီး သူ့အပေါ်ကုတ်ကပ်တက်ချင်တဲ့သူတွေလား။တွေးရင်း သူ့ခန္ဓာကိုယ်တစ်ဝိုက်နားအေးစက်စက်အငွေ့အသက်တွေက လူသတ်‌ချင်နေသည့်နှယ် ထွက်ပေါ်လျက်ရှိသည်။

System 00 ( or ) စစ်ကျဲ့ Where stories live. Discover now