Chapter 27

2.5K 267 2
                                    

Unicode

မြေခွေးလေးက ကုမျန်ရဲ့ဘောင်းဘီကို တင်းကျပ်စွာကိုက်ထားပြီး သူ့ရှေ့ခြေနှစ်ချောင်းကလည်း ကုမျန်ရဲ့ဖိနပ်ပေါ် ရောက်နေခဲ့တယ်။

ဝန်ထမ်းက သူ့ကို အဝေးကိုဆွဲသွားလို့တောင် မရခဲ့ဘူး။ သူလေးမတော်တဆ ထိခိုက်မိမှာကို စိုးရိမ်တဲ့အတွက် သူက အင်အားအလွန်အကျွံမသုံးဝံ့ဘူး။

သူက ရှက်ကိုးရှက်ကန်းနဲ့ ခေါင်းကုတ်လိုက်ပြီး "မြေခွေးလေးက မင်းကိုထားခဲ့ဖို့ ဝန်လေးနေတာဖြစ်နိုင်တယ်"

ဒါကို ကုမျန်လည်းမြင်တယ်။ သူမက ငုံ့ကိုင်းလိုက်ပြီး မြေခွေးလေးကို သူမရဲ့ရင်ခွင်ထဲ ပွေ့ချီလိုက်တယ်။ ကုမျန်ရဲ့ရင်ခွင်ထဲကို ရောက်သွားတာနဲ့ မြေခွေးလေးက သူ့ခေါင်းကို သူမရဲ့ရင်ဘတ်မှာမြှုပ်ပြီး အော်ဟစ်လိုက်တော့တယ်။

ကုမျန်က ဝန်ထမ်းကို "ကျွန်မ သူ့ကို ခေါ်သွားလို့ရလား"

"ဘာကို?"

သူမက နှုတ်ခမ်းစေ့လိုက်ကာ နောက်တစ်ကြိမ်မေးမြန်းလိုက်ပြန်တယ်။"ကျွန်မ သူ့ကို အရမ်းသဘောကျလို့ ခေါ်သွားလို့ရမလား?"

၀န်ထမ်းက ဒီလိုအခြေအနေမျိုးကို ပထမဆုံးအကြိမ်အဖြစ် တွေ့ကြုံဖူးတာပါ။ သူက သိပ်မသေချာတာကြောင့် “ကျွန်‌တော်မသိဘူး၊ ဒါရိုက်တာကို မေးပေးရမလား"

"ကောင်းပါပြီ"

ခဏကြာတော့ ဝန်ထမ်းက အပြုံးတစ်ပွင့်နဲ့လာပြောတယ်။ "ရှောင်ရွမ်အတွက် sceneမရှိတော့ဘူးလို့ ဒါရိုက်တာက ပြောတယ် မင်း သူ့ကို ပြုစုပျိုးထောင်ချင်ရင် အဲ့လိုလုပ်နိုင်တယ်တဲ့"

ကုမျန်ရဲ့မျက်လုံးတွေက ကွေးကွေးလေးဖြစ်သွားတယ်။ "ကျွန်မ သူ့ကို ဂရုစိုက်မှာပါ ဒါရိုက်တာကို ကျေးဇူးတင်တယ်လို့ ပြောပေးပါဦး"

"ကောင်းပါပြီခင်ဗျ"

ရှောင်ရွမ်က ကုမျန်နဲ့သွားလို့ရတယ်ဆိုတာကို သေချာသိသွားပြီး သူမရဲ့ရင်ခွင်ထဲမှာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်တယ်။

ကုမျန်က သူ့ခေါင်းကို အသာအယာပုတ်လိုက်ပြီး မြေခွေးလေးကို ဗန်ကားထဲခေါ်သွားတယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now