unicode
"ကိုသစ်ရေ...ပဲကြော် ထည့်ခဲ့ဦးဟေ့..."
"လာပြီ လာပြီ...."
အမေ့ဆီကို ကန်တော့လာကြတာ။တအား သက်ကြီးပိုင်းတော့ မဟုတ်သေးတာကြောင့် ဆွေမျိုးနီးစပ်တော်တဲ့သူနှင့် ခင်တဲ့သူတစ်ချို့လောက်ပဲဖြစ်သည်။
"မိစိမ်းရေ မိညိုရေ...မအားရင်ပြန်နော်...ငါတစ်ယောက်တည်းရတယ်"
"ရတယ် အိမ်မှာက လူပေါတယ်...နင်က အကုန်လုပ်တတ်လို့လား..."
"မဟုတ်ဘူးဟ နင်က နင့်အဘွားဆီလာတဲ့သူ များလို့ပြောတာ"
"ရပါတယ်ဆို..."
သူလည်း သီတင်းကျွတ် ရွာပြန်ခဲ့တာ။ကိုသစ်ဆီ အလည်ရောက်နေရာကနေ မမြင်သာလို့ ဝင်ကူနေတာဖြစ်သည်။ကန်တော့ကြီးနေ့မရောက်သေးသော်လည်း တစ်ယောက်စ နှစ်ယောက်စ အမေ့ဆီ ကန်တော့လာကြခြင်း။
ကန်တော့ကြီးနေ့မှ မဟုတ်။လူကြီးသူမ ရှိလို့ ကန်တော့ခံရမည့်အိမ်ဆိုရင် အားတဲ့နေ့ တဖွဲဖွဲ လာကြတာဖြစ်သည်။ဒါမှသာ ကန်တော့ကြီးနေ့ဆိုရင် အိမ်မှာ ရှိနေနိုင်ပြီး လာတဲ့သူကိုဧည့်ခံနိုင်မည်ဖြစ်သည်။
"ဟဲ့...လပြည့်ညကျ ငါတို့ ဘုရားကြီးကို သွားကြမလား..."
"ဝေးတယ်ဟာ..."
"ဟာ...နင်ကလည်း...ဒီလောက်လေးကို ဘာဖြစ်တာမှတ်လို့ လိုက်ခဲ့စမ်းပါ"
"နင့်ဘာနင် အဖော်စပ်ပြီးသားမလား...ကိုယ့်ဘာသာသွားပါ..."
"ယောက်ျားလေးပါမှပေါ့ဟ...နော့ အဖွဲ့ထဲ ယောက်ျားလေးသုံးယောက်လောက်တော့ ပါမှဟ...ကျန်တဲ့သူတွေနှင့်လည်း ရောပြီးမသွားချင်ဘူး...ကိုယ့်အဖွဲ့နှင့်ကိုယ် သန့်သန့်လေးသွားချင်တာ..."
သိတဲ့အတိုင်း လူပေါတဲ့နေရာဆို ကိုယ်က အုပ်စုတောင့်နေမှ။မိန်းကလေးချည်းပဲ ဆိုလည်း သိပ်မဖြစ်။တစ်ခုခုဆို အားကိုးစရာ ယောက်ျားသားတော့ ပါမှ။
"နင်တို့ လျှာတအားရှည်တယ်..."
"လုပ်စမ်းပါဟယ်... ကလေးလည်း မဟုတ် ဒီလောက်တော့ လိုက်ပေးစမ်းပါ မလိုက်ချင်လည်း..."
YOU ARE READING
ဝါဆို (ဝါဆို)