unicode
လပြည့်နေ့ကိုရောက်ခဲ့ပြီ။
ဝါကျွတ်တဲ့ နေ့မို့ ဘယ်ဘုန်းကြီးကျောင်းမဆို ဆီမီးပူဇော်ကြသူတွေနှင့် စည်ကားလို့နေသည်။မြို့ပေါ် ဘုန်းကြီးကျောင်းတွေဆို ပွဲစျေးတန်းကဲ့သို့တောင် ဖြစ်လို့။
ဆီမီထွန်းတာက ညပိုင်းပဲမို့လို့ နေ့လည်လောက်ကစလို့ ဓမ္မစကြာ ဝတ်ရွတ်အသင်းတွေရဲ့ ရွတ်ဖတ်သံ ညံညံစီနေသည်။
"ကြည့်ကောင်းအောင်လည်း လုပ်ဦးဟဲ့...ငါ့နှယ် ဘယ်လိုလူလဲ"
"ငါမှ ကောင်းကောင်း မရိုက်တတ်တာဟ..."
"တအားနော်..."
တကတည်း။အဝတ်အစားလှလှလေး ဝတ်ထားပြီး ဓာတ်ပုံရိုက်ချင်ပါတယ်ဆိုနေမှ။ဒင်းရိုက်လိုက်တဲ့ပုံတွေက ပုံမလာ။တစ်မိနစ် ပုံရှစ်ဆယ်လောက်ထွက်အောင် တချပ်ချပ်လုပ်ပြီး မျက်ဖြူလန်တဲ့ပုံတွေရော။
"တော်ပါပြီ...ငါတို့ဟာငါတို့ပဲ ဖြစ်အောင်ရိုက်တော့မယ်နော်...ကြာရင်လည်း စောင့်ကြတော့..."
"အာ့ဆို ကျွန်တော်တို့ ဟိုဘက်တွေ သွားနှင့်ရအောင်လေ...အစ်မတို့ လိုက်ခဲ့ကြနော်...."
"အေ မတွေ့ရင် ဖူန်းခေါ်လိုက်မယ် သွားနှင့်ကြတော့..."
"လာ သွားရအောင်..."
လပြည့်နေမှ တစ်ခါတည်း အစ်ကိုတို့ အဖွဲ့နှင့်လိုက်ပြီး အိမ်ပြန်ခဲ့လိုက်တာ။အိမ်ပြန် ခဏနား အဝတ်လေးလဲပြီး ဘုရားကြီးကိုပါ တစ်ခါတည်း ဆက်လိုက်ခဲ့လိုက်တာ။
သူငယ်ချင်းကောင်တွေကလည်း ထက်လွင်ဦး မပြန်ခဲ့ဘူးထင်လို့တဲ့။သွားနှင့်ကြပြီလေ။
ညီညီကတော့ သူ့သူငယ်ချင်းတွေနှင့် သူ့အဖွဲ့။
ဘုရားရောက်တော့ ဘုရားပွဲနီးနီးလောက် စည်ကားနေတဲ့ လူတွေကြားထဲ လျှောက်နေရသည်။
အစ်ကို့သူငယ်ချင်းကောင်မလေးတွေလည်းပါတော့ မိန်းကလေးတို့သဘာဝ ဓာတ်ပုံရိုက်ကြတာကို ပုံထွက်လှအောင် မရိုက်ပေးတတ်တဲ့ အစ်ကိုတို့နှင့် တွေ့တော့တာ။
ဒီလိုမျိုးဆို ထက်လွင်ဦးက တော်သည့်အထဲ မပါပေမယ့် ကြည့်ကောင်းအောင် ဘယ်ရှုထောင့်က ဘယ်လိုရိုက်ရမယ်ဆိုတာ နည်းနည်းပါးပါးသိပါသည်။ဒါပေမယ့် မရိုက်ပေးဖြစ်တော့။သူတို့နှင့် သူငယ်ချင်းအရင်း မဟုတ်တော့ သူတို့လည်း ရှိန်သည်ထင်သည်။
YOU ARE READING
ဝါဆို (ဝါဆို)