unicode
နွေပိုင်းရောက်လာပြီဆိုသည်နှင့် ကိုးနာရီလောက်ဆိုရင်ကို နေက အတော်ရင့်နေပြီ။နေမရင့်ခင် သားအမိနှစ်ယောက်လုံး ရေမိုးချိုးခင်အောင် ချိုးကြရသည်။မချိုးခင်လျှင် နေအရှိန်နှင့် ရေချိုးရသည်မှာလည်း မလွယ်ပေ။
"အမေကတော့ မတားပါဘူး...ငါ့သား သွားချင်ရင် သွား အဆင်ပြေမယ်ထင်ရင်လုပ် မရှိရှိတာ ထုတ်ပေးရမှာပါ့..."
"ကျွန်တော်ကတော့ အတတ်နိုင်ဆုံး ဒီမှာပဲ နေချင်တာပေါ့...ဒီမှာပဲ အခြေတကျစီးပွားရေးတစ်ခုခုပဲ လုပ်ချင်တယ်"
"သားသဘောပဲပေါ့...အမေကရတယ် အမေတစ်ခု သားတစ်ခုပဲကွယ် နိုင်ငံရပ်ခြားတော့ ဘယ်လွှတ်ချင်ပါ့မလဲ...သားတို့လူငယ်တွေ သွားချင်ရင်သာ သွားလို့ပြောတာ..."
"စိတ်အေးအေးထားပါဦး အမေရယ် လူတိုင်းက ကိုယ့်ဘဝနှင့်ကိုယ် သူ့ဘဝနှင့်သူပါ..."
"အမလေးတော် ကျွန်မက စိတ်အေးပါတယ် ရှင်လေးတို့ကိုပဲ ပြောရမှာပါ..."
"ကျွန်တော်ကလည်း ဒီအမေလေးတစ်ယောက်ပဲရှိတာ ဘယ်လိုစိတ်ချထားခဲ့ရမလဲလို့...."
ရွာကလူငယ်တွေ ကိုးရီးယားသွားကြမည်ဆိုကာ ကိုးရီးယားသင်တန်းတွေတက်၊ ဂျပန်သွားမည့်သူက ဂျပန်သင်တန်းတက် ၊ထိုင်းရောက်တဲ့သူကရောက်သွားပြီး မလေးရှား သွားမည့်သူက သွားကြမည်ဆိုပြီး သူ့အစီအစဥ်နှင့်သူဖြစ်နေကြပြီမို့ ကိုသစ်ကိုလည်း အမေက နိုင်ငံခြားသွားချင်လား မေးသည်။
ကိုသစ်ကတော့ မသွားချင်ပါ။တတ်နိုင်သမျှ ဒီနိုင်ငံမှာပဲ ကြိုးစားလုပ်ကိုင်ချင်သည်။နောင်တစ်ချိန်မှာ ရွယ်တူတန်းတူတွေကြား ဘယ်လိုဖြစ်လာမလဲဆိုတာတော့ မသိပေမယ့်ပေါ့။
တီတီ..တီ
ဆိုင်ကယ်ဟွန်းတီးပြီး ဝန်းထဲ ကွေ့ဝင်လာသော
ရောက်ချလာပြီ။
"ဟီးဟီး..."
"ဘယ်နားရပ်ဦးမှာလဲ ဒီထဲထိလာထိုး"
တံစက်မြိတ်အစွန်းမှာတင် ရပ်ထားမည်လုပ်နေတာမို့ အတွင်းထဲထိ ဝင်ရပ်ဖို့ပြောရသည်။နေ့လည်လောက်ကစပြီး တစ်နေကုန်နေထိုးနေမှာ။
أنت تقرأ
ဝါဆို (ဝါဆို)