unicode
နောက်တစ်နေ့ရောက်တော့ ထက်လွင်ဦး တစ်ယောက် ကိုးနာရီလောက်မှ အိပ်ရာက ထနိုင်သည်။အိပ်လိုက်ရတာ ကျောတောင်နာသည်။ခေါင်းစုတ်ဖွားနှင့် ရေတွင်းမှာ သွားတိုက်တံကြီးကိုင်ရင်း ရေတစ်ခါတည်းချိုးရင် ကောင်းမလား စဥ်းစားနေရသည်။အေးကလည်း အေးသေးတယ် ။လူကလည်း ရေချိုးမှ လန်းသွားမှာ။
မထူးပါဘူး...ချိုးလိုက်မယ် ဆိုပြီး မီးလာတုန်း တင်ထားရတဲ့ ရေအေးအေးကို တဗွမ်းဗွမ်းလောင်းချိုးပစ်လိုက်သည်။
ရေချိုးပြီးတော့ အခန်းထဲပြန်ဝင်လာပြီး အုပ်ဆောင်းလှပ်ကြည့်လိုက်သေးသည်။
"ဥုံဖွ..."
စားစရာလေး တစ်ခုခုရှိနှင့်ပါစေ ဆူတောင်းနေတာ လွန်မှန်း ကိုယ့်ကိုကိုယ် သိပါသည်။
ကြည့်ရတာ အစ်ကိုလည်း ကလေးအဖေနှင့်များ တူနေသလား မသိဘူး။အလကားနေရင်း အဆောင်ကို လူပိုတစ်ယောက် ပါလာသည့်အပြင် ကိုယ်က သူ့ကို မကူနိုင်တဲဘအပြင်မှာ သူက ကိုယ့်အတွက် ထမင်းဟင်းပါ ပိုချက်ပေးနေရသေးတာ။
ကြက်ဥကြော်နှင့် ပဲပြုတ်ရယ် နှမ်းဖတ်ချဥ် ရယ်က သိပ်အပန်းကြီးနေတာတော့ မဟူတ်ပါဘူးလေ။ကြက်ဥကြော်တာလောက်တော့ အီးဆိုဘူ့ ပဲ။
ညမနက်စာ ချက်ထားတဲ့ ထမင်းကို အဆင်သင့် အသာခူးခပ်စားပြီး ဗိုက်တင်းသွားတော့ လုပ်စရာလည်း မရှိသည်နှင့် တံမြက်စည်းလေးလှည်း သိမ်းစရာရှိတာလေးသိမ်းကာ စာအုပ်တွေက်ုလည်း စားပွဲပေါ်မှာ သပ်သပ်ရပ်ရပ် စီပေးထားလိုက်သည်။
ဒီလိုဆိုတော့လည်း...
ကိုယ့်နဖူးကိုယ်ပြန်ရိုက်လိုက်ရသည်။
အပျိုဖြန်းလေး ကျလို့။အင်းလေ လူပျိုဖြန်းလေး ပဲကို။
"ကျောင်းမသွားဘူးလား..."
ဝရန်တာမှာ ထွက်ထိုင်နေရင်း လူတွေ့လို့ ဟိုမေးသည်မေး မေးလိုက်သည်။
"အေး နေမကောင်းလို့ကွ...ကူးခဲ့ပါလား ဒီဘက် ပျင်းရင်...."
"လာမယ်ဗျ ခဏလေး..."
ဟိုဘက်ဆောင်ဘက်က အစ်ကိုတစ်ယောက်က လှမ်းခေါ်လို့ တစ်ယောက်တည်း နေရမယ့်အတူတူ သွားပြီး စကားပြောနေလိုက်တော့သည်။
أنت تقرأ
ဝါဆို (ဝါဆို)