Cut 2

434 12 0
                                    

[Unicode]

"ကိုယ်လည်းလေလောကီသားပေမို့ ချစ်သဲငယ်ကြင်ပါလှည့်ကွယ်" (paid gp)

"Leo ခဏ"

ခဏဆို‌လို့ရပ်ပြီးတော့စောင့်ပေမယ့် ခဏလေးပဲဖြစ်လျက် ပြေးသွားလိုက်တာလေလို။ သူရပ်ပြီထင်လို့ပြောစရာတွေမပြောရသေးခင် အမောဖြေနေသည့်မိုက်ကယ်ကဟောဟဲဟောဟဲနှင့်လိုက်ရပြန်ကာ..

"နေပါဦး"

"ခွန်ဖောကို ခွန်ကယ်ပဲပြန်ပြောလိုက် ခွန်မယ့်ကိုစက်ကရအောင်ရှာမှာလို့"

ပြေးရင်းလွှားရင်းပြန်လည်းအော်လိုက်သေးသည်။

ဘန်ကောက်အပြည်ပြည်ဆိုင်ရာလေဆိပ်ထဲမှာ အပေါ်အဖြူအောက်အနက်ကျောင်းယူနီဖောင်းဝတ်စုံလေးနှင့် ပြေးလွှားနေတာစက်ပဲဖြစ်လျက်။ စက်လှေကားတွေဆီပြေးတော့ မိုက်ကယ်လှမ်းဆွဲထားကာ..

"Leo ပြန်လိုက်ခဲ့ပါကွာ.. boss အစ်ကို့ကိုသတ်လိမ့်မယ်"

အတက်စက်လှေကားပေါ်မှာစက်ရှိနေပြီး တစ်ဖက်ကအဆင်းစက်လှေကားပေါ်မှာတော့မိုက်ကယ်ရှိနေ၏။ တစ်ယောက်သည်တစ်ယောက်လက်ကိုအမိအရလှမ်းဆွဲထားပေမယ့် တစ်ယောက်ကတော့ရုန်းနေသည်။

"ခွန်ဖောလားခွန်ကယ့်ကိုသတ်မှာ..သားအရင်းထက်တောင်မျက်နှာသာပေးသေးတာကို"

"မဟုတ်ပါဘူး ကိုယ်တကယ်အမှန်ပြောနေတာ"

သူ့ရင်ထဲမှာတော့ ခွန်ကယ့်အပေါ်ခွန်ဖော၏ပစားပေးခြင်းတွေကအစိုင်နဲ့အခဲနဲ့ပါ။

"လူကြီးတွေလိမ်ရင်သိပ်သိသာတာပဲ..ခက်တာကကျွန်တော်လည်းလူကြီးဖြစ်နေပြီ"

အခုမှအထက်တန်းနောက်ဆုံးနှစ်ဖြေပြီးတာကို။

"မင်းကိုဘယ်သူလိမ်လို့ရလို့လဲ..မင်းကမုသားဖော်စက်ပဲ..အစ်ကိုလိမ်နေတယ်လို့ရောမင်းတကယ်ထင်လို့လား..အစ်ကို့စကားနားထောင်ပြီး..."

"ခွန်ကယ့်စကားနားထောင်ရင်ကျွန်တော်ဘာရမှာလဲ..ခွန်ဖော့ရဲ့ဂရုစိုက်မှုတွေလား"

မေးခွန်းတွေထဲမှာ မိဘမေတ္ထာငတ်သည့်လူငယ်လေးတစ်ယောက်၏ချဉ်တူးတူးအရွဲ့တိုက်မှုတွေပါသည်။ မိုက်ကယ်ကစိတ်အရှည်ဆုံးထားကာ...

ကိုယ်လည်းလေလောကီသားပေမို့ ချစ်သဲငယ်ကြင်ပါလှည့်ကွယ်Where stories live. Discover now