Intro

494 22 0
                                    

Unicode

ရှိုင်းမင်းခန့်သည် ၆လတာ အနွံတာ ခံပြီး ဟိန်းမာန်ထက်ဆိုသူကို ချစ်ပေးခဲ့တယ် ရောဂါရှိတဲ့ အမေ့ကိုပစ်ပြီး အချစ်ကို စုံလုံးကန်းကာ ယုံကြည်ခဲ့မိသည် ပျော်ရွှင်စရာ ဘဝလေးကို စွန့်လွှတ်ပြီး မရေရာတဲ့ အချစ်ကို စတင်ခဲ့သည် ဟိန်းမာန်ထက်က သူ့ကို သုံးလကျော်လောက် သဲသဲလှုပ် ချစ်ပြခဲ့ပေမဲ့ နောက်ပိုင်း တဖြည်းဖြည်းနဲ့ ပြောင်းလဲသွားတယ် ထိုသူနဲ့ တွဲလာတဲ့
အတောအတွင်း သူ့ကို ချစ်တယ်လို့ တစ်ခွန်းမပြောခဲ့တာကို သူသတိမထားမိခဲ့ဘူး

တစ်ရက်ပေါ့၆လပြည့်တဲ့နေ့မာ သူလုပ်သမျှ အချိန်ပိုင်းအလုပ်တွေ အကုန်လုံးက ရတဲ့ပိုက်ဆံကိုစုပြီး သူ့လက်ရာ ဟင်းပွဲတွေကို ဟိန်းမာန်ထက်အတွက် ချစ်ခြင်းမေတ္တာ အပြည့်နှင့် ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ခဲ့သည်။

ညနေငါးနာရီသည် ဟိန်းမာန်ထက်၏ အလုပ်ဆင်းချိန်...သူစောင့်သည် ၆နာရီမှ၇နာရီ တဖြည်းဖြည်း နာရီတွေ လှည့်ပတ်နေခဲ့သည် ဟင်းပွဲတွေလည်းတဖြည်းဖြည်းအေးစက်လာခဲ့သည်။

ထိူချိန် "မောင်"ဆိုသည့် Contact nameမှ ဖုန်းဆက်လာတာကြောင့် ဝမ်းသားအားရကိုင်လိုက်ပီး ဘယ်ချိန်ပြန်လာမှာလဲ မမေးခင်မှာပဲ တစ်ဖက်က သူ့ကိုမုန်းကြောင်းနဲ့ သူဟာ ယုတ်မာကြောင်း သူတစ်ခါမှ မကြားဖူးခဲ့တဲ့ မိန်းကလေးတယောက် နာမည်ကို နူးညံ့စွာခေါ်ခဲ့ပြီးအဲ့မိန်းကလေးကို သူက ရိုင်းစိုင်းစွာပြောမိကြောင်းစွတ်စွဲလေသည်

သူ့ကို ရှင်းပြချိန်တောင်မပေးပဲ လမ်းခွဲရအောင်တဲ့ ရင်နင်ပါသည် ထိုစကားကြောင့် သူ့ရှေ့မှ ဟင်းပွဲများစွာကို ကြည့်မိသည်။ မနွှေးရသေးသော ဟင်းပွဲ‌တွေက သူ့ကိုရူးလိုက်တာဆိုပြီးဟားတိုက်သည်။သူသည် ဆွဲထားတတ်သူ မဟုတ်တာကြောင့် သဘောတူလမ်းခွဲပေးလိုက်သည်။

သူမောင်နဲ့ ပတ်သတ်တဲ့ နေရာတိုင်းကို သွားတယ် ဒါကြောင့် သူ သူ့အမေကို ဂရုစိုက်ဖို့ ပျက်ကွက်ခဲ့တယ် သူ့အမေက အဆုတ်ကင်ဆာဖြင့် သေဆုံးသွားခဲ့သည် သူ့ရဲ့ မိုက်မဲမှုကြောင့် သူ့ရဲ့ စုံလုံးကန်းမှာတွေကြောင့် ဖြစ်ရခြင်းပင် နောင်တတပွေ့တပိုက်နဲ့ သူ ကိုယ့်ကိုယ်ကို သတ်သေကာ သေဆုံးသွားခဲ့သည်။

I Don't Want To Love You Again (OC)<ရပ်နား>Where stories live. Discover now