part 5

169 15 3
                                    

Unicode

စာတမ်းတစ်ခုလုံးကို ဖတ်ပြီးနောက်မှာ သူစိတ်လည်းအေးရသလို ဝမ်းလည်းနည်းရပါသည် သူစုံစမ်းသိရ‌သလောက် ရှိုင်းဟာ သူနဲ့ခွဲနေတဲ့ အချိန်တွေမှာ အေးချမ်းစွာ ဖြတ်သန်းနေသည်ပဲ...
သူ့ကို အတော် နာကျည်းသွားပုံပဲ

သူသည် ညနေအလုပ်ဆင်းချိန်ဖြစ်၍ အိမ်ပြန်လာခဲ့သည် အိမ်ရောက်တဲ့အခါ စိတ်လေးပင်နေမှုကြောင့် အိပ်ခန်းထဲ ဝင်နေလိူက်သည်

ရှိုင်းဟာ အမုန်းကြီး မုန်းသွားတာလား

သူမက်တဲ့ အိမ်မက်ထဲကလို သူနောင်တတွေနဲ့ ကျန်ရစ်ခဲ့တော့မှာလား

ရှိုင်းဟာ အိမ်မက်ထဲကလို လက်ကောက်ဝတ်ကလေးမှာ သင်တုန်းဓားရာကြောင့် သွေးတွေ စီးကျနေပြီး မျက်ဝန်းတို့မှိတ်ကျနေကာ သူ့ကို ထပ်ပြီး စွန့်ခွာသွားလေမလား

သူစိုးရိမ်စိတ်တွေများလာမှုကြောင့် ခေါင်းကို ခါယမ်းလိုက်ကာ စာအုပ်တစ်ချိူ့ ဖတ်ဖို့ စဉ်းစားလိုက်သည် သူအာရုံခနလွှဲ နေသင့်သည်

စာအုပ်စင်နား သွားလိုက်လျှက် တွေ့ရာ စာအုပ်ကို ဆွဲယူလိုက်ရာ  ကြားထဲမှ စာအုပ်လေးတစ်အုပ်ကျလာသည် သူထိုစာအုပ်ကို ကောက်ယူလျှက် စာကြည့်စားပွဲ၌ ထိုင်ကာ ကြည့်လိူက်သည် ကြည့်ရတာ ဒိုင်ယာရီ စာအုပ်ကလေးထင်

ပထမစာမျက်နှာကို  လှန်လိုက်တဲ့အခါ  လက်ရေးဝိုင်းဝိုင်းကလေးနှင့် စာလုံးကြီးကြီးဖြင့် စာရွက်အလယ်တွင် ရေးထားသည်က

         "မောင်"

စာရေးပုံကို ကြည့်လိုက်သည်နှင့် ရှိုင်းရေးထားမှန်းသိသောကြောင့် ကမ္ဘာကြီးတစ်ခုလုံး ရပ်တန့်သွားသလို သူခန္ဓာကိုယ်ဟာ တောင့်တင်းသွားရသည် သူမကြားရတာ ကြာပြီဖြစ်သော ထိုမြတ်နိုးစရာ နာမ်စားလေးအား အခုမြင်လိုက်သည် သူ၏နှုတ်ခမ်းအား လျှာဖြင့်သပ်လျှက် စိတ်လှုပ်ရှုားမှုဖြင့် နောက်စာရွက်ကို လှန်လိုက်သည့်အခါ

"၅.၁.၂xxx

ဒီနေ့ဟာ မောင်နဲ့ ပထမဦးဆုံး အတူနေဖြစ်ခဲ့တဲ့ ရက်ကလေး မောင်ဟာ ငါလို‌သမျှကိုဖြည့်စည်းပေးရှာတယ် ကြည့်တာ ငါ လူရွေးမှန်သွားပုံပါပဲဟီး

You've reached the end of published parts.

⏰ Last updated: Feb 26 ⏰

Add this story to your Library to get notified about new parts!

I Don't Want To Love You Again (OC)<ရပ်နား>Where stories live. Discover now