Part1

191 19 3
                                    

Unicode

မျက်လုံးပေါ်သို့ အလင်းရောင် ထိုးဖောက်မှုကြောင့် ရှိုင်းမင်းခန်း မျက်လုံးတို့ကို ဖွင့်လိုက်မိသည်  မျက်လုံးဖ္ငင့်ဖွင့်ချင်း မြင်လိုက်ရသည်က သူထင်သလို ငရဲပြည် ဟုတ်မနေခဲ့ ဝမ်းနည်းပူဆွေးမှုတွေ မရှိသေးသော အမိ‌အိမ် နွေးထွေးသော အမေ့အိမ်ကို သူရောက်နေခဲ့သည်  အိမ်မက်ကလေး လှလိုက်တာ မိုးနတ်မင်းကို ကျေးဇူးတင်ရမယ် နောင်ဘဝမကူးခင် အမှတ်တရတွေကို တူးဆွပေးလို့

သူသည် သူ၏ နွေးထွေးမှု စုစည်းရာ အိမ်ကို ဝေ့ဝိုက်ကြည့်ကာ မျက်ရည်များ ဝေ့လာမိသည်။

သူ့ဖုန်းသည် ရုတ်တရပ် မြည်လာခဲ့ပါသည်

သူသည် ဖုန်းအား မကိုင်အားသေး ဘာကြောင့် သည်အဖြစ်အပျက်တွေက ရင်းနှီးနေရသနည်း?

သူ့လက်သူ ဆုပ်လိုက် ဖြန့်လိုက် လုပ်ကြည့်သည် အထိအတွေ့ခံစားရတာကြောင့် သူ့မျက်လုံးတို့ဝိုင်းစက်သွား၏ တစ်ဆက်တည်း မျက်ရည်တို့ပါ ကျလာသည် ကြည့်ရတာ ဘုရားသခင်က သူ့ကို လျစ်လျူမရှုခဲ့ဘူးထင်သည် အမှားတို့ကို ပြင်ဆင်ဖို့ ပြန်လည် မွေးဖွားခွင့်ပြုခဲ့သည်။

ဒီ‌နေ့ရက်စွဲကိုကြည့်လိုက်တော့ မောင်နဲ့6လ ပြည့်ပြီး တရက်ကျော်ပင် 6လပြည့်နေ့လေးမှာ မောင်ဟာ သူ့ကို ရက်ရက်စက်စက် ပြောခဲ့ခြင်းကြောင့် သူ ညတွင်းချင်းပဲ အိမ်ကို ပြန်လာခဲ့သည် ထို့နောက်မှာ မနက်ကျ မောင်ဟာ ဖုန်းဆက်ပြီး မပြောလိုက်ရတဲ့စကားတစ်ခွန်းပြောစရာရှိ၍ ဖုန်းဆက်သည် လမ်းခွဲမည်တဲ့ ထိုနေ့မှစ ကမ္ဘာပျက်ကာ စိတ်လွင့်မြောရင်း အရာရာကိုဆုံးရှုံးခဲ့ရသည် အထူးသဖြင့် သိပ်ချစ်ရတဲ့ အမေ့ကို

ဆက်တိုင်မြည်နေတဲ့ဖုန်းကို သူ မျက်နှာထားတည်တည်နှင့် ကောက်ကိုင်လိုက်သည် သူပင် မပြောရသေး တစ်ဖက်မှ စိတ်တိုစွာ အော်ဟစ်လာသည်

"ငါ့ဖုန်းကို မကိုင်ရအောင် ဘာတွေများ စောက်လုပ်ရှုပ်နေတာလဲ!!?"

ရှိုင်းမာန်ခန့်က
"အလုပ်မရှုပ်ဘူး စောက်ရေးမပါလို့"

"ဘာကွ!! အေးပေါ့ မင်းရဲ့ ယုတ်မာတဲ့ ဇာတိက ပြလာတော့ အရင်လိုတောင် ဟန်ဆောင် ဖြူစင်ပြမနေဘူးနော်!"

I Don't Want To Love You Again (OC)<ရပ်နား>Where stories live. Discover now