part 2

161 22 5
                                    

Unicode

"မေမေ့အပေါ်မှာ ကာယကံဖြစ်စေ ဝစီကံဖြစ်စေ မနောကံနဲ့ဖြစ်စေ ပြစ်မှားမိရင် ခွင့်လွှတ်နော်"
ရှိုင်းမင်းခန့်သည် လက်ဆယ်ဖြာ ထိပ်မှာမိုးကာ မေမေ့ကို အိပ်ခါနီး ကန်တော့သည် မေမေဟာ ပြုံးကာ

"သားက မေမေ့အပေါ် ပြစ်မှားခဲ့ဖူးတာ မရှိဘူးသားရဲ့ ရှိလဲ မေမေက အလိုလိုခွင့်လွှတ်ပြီးသားမို့ ကျေပြီးသား သားကို ခြောက်လလောက်မတွေ့ရတော့ မေမေ့မှာ လွမ်းနေတာ မေမေ့သားလေး ကျန်းမာပါစေ ချမ်းသာပါစေရှင်..."

မေမေ့ရဲ့ ဆုပေးတာကို နာခံရင်း ရှိုင်းမျက်‌ရည်ဝဲလာသည် မေမေဟာ သူ့အပေါ် မေတ္တာ ပေးမြဲပေးဆဲပါပဲ

"မေမေ သားတို့ ဒီအိမ်ကို ရောင်းပြီး အခြားတစ်နေရာကို သွားနေရအောင်"

ထိုစကားကို ပြောတော့ မေမေက မျက်လုံးဝိုင်းကာ သူ့အား ကြောင်အစွာ ကြည့်ပြီး မေးလာသည်

"ဘာလို့လဲသား သားမှာ အဆင်မပြေတာတွေ ရှိလို့လား"

"သား ဒီပတ်ဝန်းကျင်မှာ မနေချင်တော့ဘူး အမေ သား တခြားတစ်နေရာမှာ စိတ်သစ်လူသစ်နေချင်တယ် ပြီးတော့ ဟန်မင်းမြတ်နဲ့လဲ တိုင်ပင်ပြီးပြီ "

အမှန်တကယ် ဤကိစ္စကို မင်းမြတ် မသိပါ မေမေသည် သူ၏ သူငယ်ချင်းဖြစ်သူ ဟန်မင်းမြတ်ကို ယုံကြည်သောကြောင့် ထည့်ပြောလိုက်ရခြင်း
'သူငယ်ချင်းရေ ခွင့်လွှတ်ပါကွာ'

"အေး ဒါဖြင့်ရင်လဲ သားသဘောပါပဲ "

"အော် မေမေ ပြီးတော့ သားနာမည်ပါ ပြောင်းပစ်ဖို့ လုပ်ထားတယ်"

"သား ဘာဒုက္ခကြုံနေရတာလဲ မေမေ့ကို ပြောပါအုံးသားရဲ့ မေမေဖြင့် စိတ်တွေ ပူလာပြီ"

"ဟို..ဒီလိုပါ သားလေ အရင်ခြောက်လက မေမေ့ကို ပြောခဲ့သလို အလုပ်ကြောင့် ခရီးသွားခဲ့တာ မဟုတ်ဘူး သား..သား.."

"ရတယ်သား ဆက်ပြော"

"သား အဲ့အတောအတွင်း ချစ်သူတစ်ယောက်ရခဲ့ပါတယ် ပြသနာ နည်းနည်းတက်ပြီး သူနဲ့ လမ်းခွဲခဲ့ပါပြီ မေမေ အဲ့ဒါ အဲ့တစ်ယောက်သိပြီး အဲ့တစ်ယောက် ရှိတဲ့ ဒီနေရာမှာ မနေချင်လို့ပါ မေမေ"

I Don't Want To Love You Again (OC)<ရပ်နား>Where stories live. Discover now