(1)

98 11 2
                                    

" ကျောင်းကားကမလာသေးဘူးလားကွာ ကျောင်းပထမဆုံးနေ့မှာနောက်ကျဦးမယ် "

ဆိုပြီးဒိုယောင်းစိတ်တိုတိုနှင့်အော်လိုက်မိသည်

ကျောင်းကားပေါ်လည်းရောက်တော့ ဒိုယောင်းသူ့သူငယ်ချင်းကိုမေးလိုက်ပြီး

" ဘာလို့ကျောင်းကားနောက်ကျတာလဲ ယိုရှီ "

" ဟိုအသစ်ကလေးအိမ်က လမ်းကြားထဲဝင်နေရတော့ အဲ့တာကြာသွားတာ "

ဒိုယောင်းစူးစူးစိုက်စိုက်ဖြင့်ထိုကောင်လေးကိုကြည့်လိုက်မိသည်
ထိုကောင်လေးလည်းသူ့ကိုတစ်ချက်ပြန်ကြည့်ပြီးလှည့်သွားလိုက်တော့ ဒိုယောင်းလည်းဒေါသကိုလျှော့လိုက်မိသည်

" ရားး ယိုရှီ ဂျီဟွန်း ငါတို့၃ယောက်အခန်းတူတယ်ကွ အတူတူထိုင်ရအောင် "

" အတန်းတူတယ်ဆိုတော့ပျော်ပြီးလေ "

ပထမဆုံးနေ့ဆိုပေမဲ့လည်း ဆရာမတွေကတော့ဝင်တာမပြောနဲ့တော့ နားချိန်တောင်မရတဲ့ထိပဲ

" ပင်ပန်းလိုက်တာကွာ ဆရာမတွေကဆက်တိုက်ပဲ ကိုယ်ချင်းစာစိတ်လေးနည်းနည်းပါးပါးမရှိကြဘူး "

" အေးကွာဒိုယောင်းရာ လာ canteen လစ်ရအောင် ဂျီဟွန်းမင်းလိုက်မယ်မလား "

" ဟာဒါပေါ့ကွ "

Canteen ရောက်တော့သူတို့စားနေတော့ကျောင်းကားကကောင်လေးတစ်ယောက်ကိုတွေ့တော့ ဒိုယောင်းစူးစိုက်ပြီးကြည့်လိုက်ပြန်လေတယ်

" မင်းကြောင့်ကျောင်းကားနောက်ကျတာ "

" ဒိုယောင်းရယ် ကျောင်းခေါင်းလောင်းမှမတီးသွားတာ အဲ့လောက်အပစ်ပုံမချနေပါနဲ့ "

" အေးပါမင်းကသူ့ဘက်ပေါ့ ဂျီဟွန်း "

" ဟာမဟုတ်ဘူးလေ ငါကဒီတိုင်းပြောပြတာကို "

" အေးအေးမင်းနော် "

ညဘက်ကြတော့ ဒိုယောင်းတစ်ယောက်စာမလုပ်ပဲ ဖုန်းထိုင်သုံးနေရင်း ကျောင်းကားကကောင်လေးအကြောင်းကိုခေါင်းထဲပြန်ဝင်လာတယ်

*မနက်ကျရင်လည်းကျောင်းကားနောက်ကျဦးမှာပေါ့ မကောင်းလိုက်တာ အရူး*

ရက်တိုင်းရက်တိုင်း ကျောင်းကားနောက်ကျခဲ့မယ်ဆိုလျှင်ဒိုယောင်းဒီလိုပဲအမြဲတွေးပြီး ထိုကောင်လေးကိုအမြဲအပစ်မြင်‌နေလေရဲ့။

ထိုကောင်လေးခဗျာ သူ့မှာဘာမှမလုပ်မိဘဲနဲ့ ဒိုယောင်းသူ့ကိုစူးစူးစိုက်စိုက်လာကြည့်တိုင်းကြောင်တောင်တောင်လေးဖြစ်နေတော့တာပေါ့။

တစ်ရက် ဒိုယောင်း ထိုကောင်လေးကိုသေသေချာချာကြည့်လိုက်မိတော့

" ရားး ဟိုကောင်လေးက ငါကြိုက်တဲ့ treasure အဖွဲ့ထဲက park chocolate နဲ့မတူဘူးလားဟမ် "

ဆိုပြီးဂျီဟွန်းနဲ့ယိုရှီကိုတိုးတိုးလေးပြောလိုက်တယ်

" အေးရုပ်တော့ဆင်တယ်ဟ "

" ငါသူ့နာမည်လည်းမသိသေးဘူး "

" ဘာလဲမင်းသူ့ကိုကြွေသွားပြီးလား

" မဟုတ်တာမကြွေဘူး ငါဆိုတဲ့ဒိုယောင်းကမိန်းမလှလေးတွေပဲစိတ်ဝင်စားတာ "

" စောင့်ကြည့်ကြသေးတာပေါ့ "

နောက်ရက် canteen မှာတွေ့တော့ ဒိုယောင်း ဂျီဟွန်းတို့ကို ထိုကောင်လေးနာမည်ကိုမေးခိုင်းလိုက်တယ်

" ကောင်လေး မင်းသူငယ်ချင်းနာမည်ကဘယ်လိုခေါ်လဲ "
ဟုထိုကောင်လေးသူငယ်ချင်းကိုမေးလိုက်တယ်

" ပတ်ဂျောင်ဝူး "

" အော်ကျေးဇူးပဲနော် "

" ရားးဒိုယောင်း ပတ်ဂျောင်ဝူးတဲ့ "

" လှသားပါပဲနာမည်လေးက "

ကောင်လေးကသေချာကြည့်ရင်တော့ချစ်စရာလေးပါပဲ ပတ်ဂျောင်ဝူး!

Veronica Nori
အားပေးကြပါဦးလို့တောင်းဆိုချင်ပါတယ်ရှင်
( reader လေးတစ်ယောက်က Dowoo request လုပ်ထားတာနဲ့ရေးပေးလိုက်ပါတယ်~)

𝑆𝑊𝐸𝐸𝑇 𝐻𝐸𝐴𝑅𝑇 (Dowoo)Where stories live. Discover now