(2)

62 10 0
                                    

မနက်တိုင်းလိုလိုသူ့ကိုကျွန်တော် ခိုးခိုးကြည့်မိလာတယ် ကျွန်တော့်စိတ်ကိုကျွန်တော်နားမလည်နိုင်တော့ဘူး ဘာလို့သူ့ကိုကြည့်လဲဆိုတာ

ဒီတိုင်းကျွန်တော်ကြိုက်တဲ့ idol နဲ့တူလို့ကြိုက်မိတယ်ထင်ထားခဲ့တာ သေချာပြန်စမ်းစစ်ကြည့်လိုက်မှ ကျွန်တော်သူ့ကိုသဘောကျနေတာတဲ့..

" ဂျီဟွန်း ယိုရှီ ငါ..သဘောကျနေမိပြီးထင်တယ် "

" ငါတို့ကိုလား "

" အားအားယားယားမင်းတို့ဖြစ်စရာလား ဟိုပတ်ဂျောင်ဝူးလေကွာ "

" ဘာ? ဘယ်လိုမင်းပဲမုန်းလှပါကြီးရဲ့‌ဆို "

" ရှေးလူတွေပြောကြတယ် အချစ်ဆိုတာ အမုန်းကနေစတင်တာတဲ့ "

" ဟောဖြစ်ရမယ်မင့်ဟာကအမျိုးမျိူးပဲ "

" ငါသူ့ကိုစကားသွားပြောကြည့်ရမလား "

" သွားပြောကြည့်ပေါ့ "

" ငါပျော်တယ်သိလားးး ငါ့accထဲမှာသူရှိတာာ သူငါ့ကိုလာအပ်ထားတာလေ ဘယ်ချိန်ကတည်းကလဲမသိဘူးးးအားး "

" ဟာ ငါဒီကောင်ဒီလိုပျော်တာတစ်ခါမှမမြင်ဖူးဘူး "

" အေးဟဂျီဟွန်းရယ်တူတူပဲ "

ညရောက်တော့ နှစ်ခါမစဉ်းစားတော့ပဲသူ့ကိုစာပို့လိုက်တယ်

* hey do u know me? *

ဆိုပြီးပို့ထားတာ ပြန်ပို့မလားဆိုပြီးစောင့်နေရင်းစောင့်နေရင်း အိပ်ပါပျော်သွားတော့တယ်
မနက်လည်းရောက်တော့ဖုန်းကိုဖွင့်ကြည့်တာ တိုတိုရှင်းရှင်းလေး

* ဒါပေါ့ * တဲ့

ဒါနဲ့ကျွန်တော်ထပ်ပို့လိုက်တယ်

* မင်းကျောင်းကားထောင့်မှာထိုင်ရတာအဆင်ပြေရဲ့လား *

* ပြေပါတယ်လေ *

* အဆင်မပြေရင်အရှေ့ထွက်ခဲ့နော်ဘာမှမဖြစ်ဘူး *

* ဟုတ်" ဘာဖြစ်လို့လဲဟင် *

* မင်းမူးမှာစိုးလို့ ငါလည်းကားမူးတတ်တယ်လေအဲ့တာကြောင့် *

𝑆𝑊𝐸𝐸𝑇 𝐻𝐸𝐴𝑅𝑇 (Dowoo)Where stories live. Discover now