(7)

33 5 2
                                    

တစ်ရက် နှစ်ရက် သုံးရက်..
" အာဆာဟိ? ဟိုဟွာ.. "

"ဘာလဲကင်ဒိုယောင်းကိုပြောတာလား"

" ဟမ် "

" သိပါတယ်မင်းရုပ်က မျက်နှာမှာစာကပ်ထားသလိုပဲ "

" မင်းကလည်း "

" နည်းနည်းပါးပါးသူ့သူငယ်ချင်းတွေကိုမေးကြည့်လေ "

" တစ်မျိုးဖြစ်နေမလားလို့လေ "

" အချစ်နာကျတဲ့ရုပ်နဲ့သွားမေးရင်မေးလိုက် "

" သွားပြောပေးပါလားဆာဟိ ငါကြောက်လို့ "

" နိုးနိုး မင်းဟာလေမင်းဘာသာမင်းမေး ငါပြန်ပြီး "

" ဟာအာဆာဟိ! "
အာဆာဟိသည် တစ်ဇွတ်ထိုးတစ်ဇောက်ကန်း အေးအေးဆေးသာထင်ရတာ ပေါင်းကြည့်ရင်တော့ကောင်းပါတယ် တစ်ခါပြောရင်တော့ ထိမိဂွီအောင်ပြောတာတစ်ခုပါပဲ

Busပေါ်မှာမေးရင်ကောင်းမလားမမေးရင်ကောင်းမလားဆိုပြီး ဂျောင်ဝူးတစ်ယောက် ချောကလက်အရည်ပျော်တော့မလိုဇောချွေးတွေကြီးပဲပျံနေတော့တယ်..

" ဟို.. jihoon hyung "

" ဝေ? "

" ဒိုယောင်း? ဒိုယောင်းကဘာလို့ကျောင်းမလာတာလဲ "

" အာ wuri ဂျောင်ဝူးနီးလေးကစိတ်ပူနေတာပေါ့ "

" ဟာ.. အဲ့လိုတော့ "

" ဘာမှမဖြစ်ပါဘူး နည်းနည်းနေမကောင်းလို့ "

" အာာဟုတ် hyung "

တစ်ကယ်တော့ဒိုယောင်းမှာဖျားနေတာအသည်းအသန်ပါပဲ ဂျောင်ဝူးကစိတ်ပိုပူသွားမှာစိုးလို့ အပေါ်ယံပဲပြောလိုက်တာ ဂျောင်ဝူးက ဒိုယောင်းကိုထပ်မေးရင်တော့ ဒိုယောင်းပဲရှင်းပေါ့ကွာ

တစ်ပတ် တစ်ပတ်တောင်ရှိပြီး ဒိုယောင်းကျောင်းမလာတာ
ဒီနေ့ Bus လာတော့ ဝေ့ဝိုက်ကြည့်လိုက်ချိန် ထောင့်မှာမှီပြီးထိုင်နေတဲ့ဒိုယောင်းကိုတွေ့လိုက်‌ရတော့ရင်ထဲတောင်ဘာလိုလိုဖြစ်သွားတယ်

နှစ်ယောက်လုံးတူတူထိုင်နေတာတောင်ဘာစကားမှမပြောကြဘူး စိတ်ထဲမှာတော့ပြောစရာတွေကအသီးသီးရှိနေမှာကတော့သေချာတယ်။

𝑆𝑊𝐸𝐸𝑇 𝐻𝐸𝐴𝑅𝑇 (Dowoo)Where stories live. Discover now