(12)

18 4 0
                                    

"လွမ်းတယ်လွမ်းတယ် လွမ်းတယ်လို့ "

" ရားး ဒိုယောင်းငြိမ်ငြိမ်နေစမ်းပါ "

" မင်းသိလို့လား လွမ်းနေရတဲ့ခံစားချက် ‌အင်းလေမသိတာလည်းဖြစ်နိုင်တာပဲ တစ်ခါမှမချစ်ဖူးဘဲကို "

" ဒိုယောင်းအရူးကောင် အားနေဒါပဲလာလာထိခိုက်နေတာ "

" ဒါနဲ့ယိုရှီရော "

" သူ့အဘွားတို့အိမ်သွားတယ် မနက်ဖြန်မဟုတ်ရင် တစ်ဘက်ခါမှပြန်ရောက်မယ်တဲ့ "

" ပျင်းစရာကြီး လွမ်းလဲလွမ်းလိုက်တာ "

" သူကိုယ်တိုင်က လွမ်းရင်စာပို့လိုက်လို့ပြောတာ မင်းပဲမပို့တာလေ "

" ငါကမပို့ရဲတာ "

" မပို့ရဲတော့ကြိတ်လွမ်းပေါ့ ဒိုယောင်းရာ "

jeongwoo_jj ဆိုတဲ့ insta acc လေးကိုဒိုယောင်းစက္ကန့်တိုင်းဝင်ကြည့်နေတုန်း story တင်ထားတဲ့အဝိုင်းကွက်လေးပေါ်လာတော့ ချက်ချင်းပဲဝင်ကြည့်လိုက်တယ်။

အစကတည်းကလွမ်းတဲ့ဓာတ်ခံကရှိနေတာနဲ့ တင်ထားတာက coffee နှစ်ခွက်ရယ် caption မှာက coffe date ဆိုပြီးအနီရောင်အသဲလေးနဲ့

ဘာရယ်လို့တော့မဟုတ်ပေမဲ့ တစ်ခုခုဆိုအတွေးကလွန်တာမို့ အကုန်တွေးနေပြီး အီဆန်မှာများကောင်မလေးရသွားပြီးလားဆိုပြီးတော့ အပြစ်တော့တင်ချင်လာမိတယ် ဒါမဲ့လည်းပြန်စဉ်းစားတော့ အော်ငါမှသူ့ကိုဘာမှဖွင့်မှမပြောတာ သူများကိုအပြစ်တင်သေးတယ်ဆိုပြီး ။

ခဏနေကြတော့ သူလည်း coffee date ဆိုတော့ကိုယ်လည်းဘယ်ရမလဲ စားပွဲပေါ်မှာ ကော်ဖီတစ်ခွက်တင်ပြီးဓာတ်ပုံရိုက်ပြီး insta မှာတင်လိုက်တယ် caption ကတော့ alone ဆိုပြီး ငိုနေ‌တဲ့ sticker လေးထည့်လိုက်တယ်။

မကြာပါဘူး notiတစ်ခုတတ်လာတယ်
* alone is the best * ဆိုတဲ့စာသားလေး ဘယ်သူပို့လဲပေါ့ကြည့်လိုက်တာ ပတ်‌ဂျောင်ဝူးဖြစ်နေတယ်

" ဟား ငါ့ကိုကျ alone is the best တဲ့သူကြတော့ date နေတယ် "

* အင်းဟုတ်ပါ့ *
ဆိုပြီးတိုတိုတုတ်တုတ်ပဲပြန်ပို့လိုက်တယ်

𝑆𝑊𝐸𝐸𝑇 𝐻𝐸𝐴𝑅𝑇 (Dowoo)Where stories live. Discover now