ဂျောင်ဆော့ ဖုန်းထဲ အဆက်မပြတ်ဝင်နေတဲ့ noti အသံတွေကြောင့် ဖုန်းကို silent လုပ်လိုက်ပြီး ပို့ထားသည့်စာအချို့ကို ဖတ်လိုက်သည်။ အဲ့ဒီလူက နာမည်ကြီး ပတ်ချန်းယောလ်က တကယ်ကြီးပဲ အပြင်မှာတွေ့ကြဖို့ သူ့ကို ချိန်းဆိုနေခဲ့သည်။ မြင်ကတည်းက သတိထားမိခဲ့တာတဲ့။ ဘယ်တုန်းကလည်း သူလည်းသေချာမမှတ်မိ။ ဂျောင်ဆော့က ဘားသွား ကလပ်တက် ပါတီတက်နဲ့မို့ အဲ့ဒီထဲက တစ်နေရာရာမှာဆုံခဲ့ကြတာဖြစ်နိုင်သည်။ ပြီးခဲ့တဲ့ နှစ်ရက်လောက်က အဝတ်အစားရွေးနေတုန်း ပခုံးကိုလာပုတ်ပြီး ဖုန်းအတင်းတောင်းကာ သူ့ဖုန်းနံပါတ်လည်းပေး၊ ကိုယ့်ဖုန်းနံပါတ်လည်း ယူသွားခဲ့သည်။ သူ့ဖုန်းက ဂျောင်ဆူးဆီဆက်ထားတဲ့အတွက် lock ပြေနေတာကြောင့် ထိုလူကအလွယ်တကူပဲ ဖုန်းနံပါတ်လဲတာကို လုပ်နိုင်ခဲ့သည်။
* ဆက်သွယ်လိုက်မယ် * ဆိုတဲ့စကားတစ်ခွန်းနဲ့ အမြန်ပြေးထွက်သွားတဲ့သူကို သူဘယ်လိုများ ငြင်းလိုက်ခွင့်ရှိမှာလဲ။ အဖြစ်အပျက်တွေကို သေချာနားမလည်ဘဲ လက်ခံလိုက်ရပေမဲ့ သူလည်း ပတ်ချန်းယောလ်ကို သဘောကျပါသည်။ ရုပ်ရည်အရလည်း ထိပ်တန်း၊ အောင်မြင်ကျော်ကြားမှုမှာလည်း ယှဉ်နိုင်သူမရှိတာမို့ ဒီလိုလူမျိုးက သူသဘောကျ နှစ်သက်သည့် လူအထင်ကြီး ကျော်ကြားမှုမျိုးရဖို့ အထောက်အကူကောင်းပင်ဖြစ်သည်။ လူတစ်ယောက်နဲ့တွဲဖို့ များများစားစားမတွေးတတ်တဲ့ ဂျောင်ဆော့က ပတ်ချန်းယောလ်ရဲ့ ချိန်းဆိုမှုကို လွယ်လွယ်နဲ့လက်ခံခဲ့သည်။
"ဂျောင်ဆော့ ထမင်းစားမယ်"
"အွန်း ဒါနဲ့လေ Hyung..."
"ကြက်သီးထလိုက်တာကွာ ဘာပြောဦးမလို့လဲ"
"မနက်ဖြန် မေမေနဲ့သွားတွေ့ဖို့ကို ငါမလိုက်တော့ဘူး"
"ဘာ...အဲ့လိုလုပ်လို့ဘယ်ဖြစ်မလဲ"
"လုပ်ပါ Hyung ရာ...မေမေ့ကို Hyung ပဲ ကြည့်ကောင်းအောင်ပြောပေး
ကျွန်တော် အရေးကြီးကိစ္စချိန်းထားတာရှိတယ်"ဂျောင်ဆူးက ထမင်းပန်းကန်ဘေးမှာ တူနဲ့ဇွန်းကို နေရာချပေးရင်း ပြုံးလိုက်သည်။
ခြေငြိမ်နေတာကြာပြီဖြစ်တဲ့ အမြွှာညီလေးကတော့ လှုပ်ရှားစရာ သမီးရည်းစားကိစ္စ ပြန်စလာပြီထင်သည်။
YOU ARE READING
A Beautiful Mistake
Fanfictionသူ့မှာ အမြွှာညီအစ်ကိုရှိမှန်း ကျွန်တော် မသိခဲ့ဘူး။ Chanyeol X Kyungsoo