3

260 57 4
                                    

Sketch book ပေါ်မှာခဲနဲ့ဖွဖွလေး ကောက်ကြောင်းချထားသည့် မျက်ခုံးနှင့် မျက်လုံးတစ်စုံ။ ရဲတင်းလွန်းသော်လည်း ချိုမြနေသည့် ထိုလူရဲ့အကြည့်တွေက နှစ်ခါပြန်လှည့်ကြည့်စရာမလို ဂျောင်ဆူးစိတ်ထဲ ဆွဲထင်လို့နေသည်။ အစိတ်အပိုင်းတစ်ခုချင်း သဘောကျသည်ဟုပြောလျှင် သူမလွန်‌ေလာက်ပါ။ ပတ်ချန်းယောလ်က နာမည်ကြီးတစ်ယောက်မို့ သူ့အကြောင်းရှာဖွေလိုက်တာနှင့် close up look တွေကိုပါမြင်နိုင်ပေမဲ့ မိတ်ကပ်နဲ့ retouch လုပ်ထားသည့်ပုံများထက်စာလျှင် သူ့မျက်လုံးနှင့် ကိုယ်တိုင်မြင်တွေ့ခဲ့ရသည့် အစိတ်အပိုင်းများကိုသာ ပိုသဘောကျသည်။ တောက်ပတဲ့ မျက်ဝန်းတွေ ခွက်ဝင်သွားတတ်တဲ့ပါးချိုင့်လေးတွေနဲ့ ရှည်သွယ်တဲ့လက်ချောင်းတွေ အရာအားလုံးက သဘောကျစရာကောင်းသည်။

အကြမ်းချထားသည့် ခဲရာလေးအတိုင်းကောက်ကာ ပုံချောအထိ ဆွဲပြီးသည့်နောက် သူသဘောကျသည့် ထိုလူရဲ့မျက်ဝန်းများက ပီပီပြင်ပြင်ပေါ်လာသည်။

* အချစ်ဦး...ပြီးတော့ နောက်ဆုံးအချစ် *

ဆွဲဖြစ်သည့် ပုံကြမ်းလေးများက အစ စိတ်ထဲရှိသည့်နာမည်ပေးတတ်တဲ့အကျင့်ကြောင့် ဒီပုံလေးကိုလည်း နာမည်ပေးလိုက်သည်။ ချစ်မိနေတာလား။ စွဲလန်းမှုမျိုးလား။ မသေချာသည့်ခံစားချက်ဖြစ်နေပေမဲ့ ဒီပန်းချီပုံလေးကတော့ ဒီနာမည်နဲ့လိုက်ဖက်လွန်းလှသည်။

"ငါ့ကို တစ်ခုလောက်ကူညီပါလား ဂျောင်ဆူး"

ဂျောင်ဆူးအလုပ်ခန်းဝကနေ လာချောင်းပြီးပြောနေသည့် ဂျောင်ဆော့မျက်နှာက စိတ်ရှုပ်မှုတွေအတိုင်းသားမြင်နေရသည်။

"ဘာလုပ်ပေးရမှာလဲ"

"ငါဒီရက်ပိုင်းတွေ့နေတဲ့တစ်ယောက်လေ
မနက်ဖြန်တွေ့ဖို့ချိန်းထားတာ အဲ့ဒါ အိမ်ကနေ ချက်ပြုတ်လာပြီး
ထမင်းအတူတူစားချင်လို့တဲ့
မင်းသိတဲ့အတိုင်းပဲ ဆိုင်လက်ရာဆို သိသာတော့ဝယ်သွားလို့လဲမဖြစ်ဘူး
အိမ်လက်ရာ ရအောင်လည်း ငါက ချက်တတ်မနေဘူး
သူကဘယ်လိုအရသာဖြစ်ဖြစ်ရပါတယ်ပြောပေမဲ့
အရမ်းဆိုးနေလို့လည်းမဖြစ်ဘူးမလား"

A Beautiful MistakeWhere stories live. Discover now