ဂျောင်ဆော့နဲ့ ချန်းယောလ် အတူရှိနေသည့်နေရာက ချန်းယောလ်အိမ်နားရှိ စတူရီယိုခန်းတစ်ခုမှာဖြစ်သည်။ အသက်မွေးဝမ်းကြောင်းအရ မော်ဒယ်အလုပ်ကို လုပ်ကိုင်သော်လည်း ဝါသနာအရ သီချင်းရေးတာ တီးတာကို လုပ်ချင်သောကြောင့် စတူရီယိုအသေးလေး ပြင်ထားတာဖြစ်သည်။ ထိုအကြောင်းကို ချန်းယောလ်နှင့် ရင်းနှီးလွန်းသည့် သူငယ်ချင်းအချို့ကလွဲလို့ မည်သူမျှမသိကြ။ ထို့ကြောင့် ဂျောင်ဆော့ကို ပထမဆုံးအလည်ခေါ်လာခြင်းဖြစ်သည်။
"ချန်းယောလ်ရှီရဲ့ စတူရီယိုအပိုင်လား"
"အင်း ဆိုပါတော့"
မျက်လုံးလေးတောက်ကာ နေရာတကာလိုက်ကြည့်နေသော ဂျောင်ဆော့ပုံစံကိုကြည့်ပြီး ချန်းယောလ် ပျော်လာသည်။ သူဒီနေရာကိုရွေးချယ်လိုက်တာ မှန်သွားသည်ပဲ။ သူတို့တွေ့ဖူးသည့် ၅ ကြိမ်လောက်မှာ ဒီနေ့လောက် ဂျောင်ဆော့ ပျော်နေတာမျိုး မတွေ့ဖူးဘူး။ ခိုးကြောင်ခိုးဝှက်တွေ့ရတဲ့ပုံကို စိတ်ကျဉ်းကြပ်နေတာမျိုးပဲ သူတွေ့ဖူးသည်။
"ဂျောင်ဆော့ သဘောကျလို့တော်သေးတာပေါ့"
"ပိတ်ထားတဲ့စားသောက်ဆိုင်တွေနဲ့ private room တွေထက်ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာတော့အမှန်ပဲ"
"ဂျောင်ဆော့ကို စိတ်ရှုပ်စေမိလို့ ကိုယ်စိတ်မကောင်းပါဘူး"
ဂျောင်ဆော့က ချန်းယောလ်ကိုကြည့်ပြီး ခေါင်းကိုဖြည်းဖြည်းချင်း ယမ်းပြသည်။
ဒီနေ့မှ ဂျောင်ဆော့က သိပ်ကိုကြည့်ကောင်းပြီး သူ့ကို သိပ်ဆွဲဆောင်နေတာပဲ။"ကျွန်တော် စိတ်ရှုပ်ခဲ့တာမှန်ပေမဲ့
ဒါက ဖြစ်သင့်တာမို့ နားလည်ပါတယ်""ကိုယ်အသံသွင်းထားတဲ့ သီချင်းနည်းနည်းရှိတယ်
နားထောင်ကြည့်မလား""နားထောင်မယ်လေ"
ဂျောင်ဆော့ကို နားကြပ်တပ်ပေးလိုက်ပြီး သူအပျော်တမ်း သွင်းထားတဲ့ သီချင်းအချို့ကို အတူတူနားထောင်ကြသည်။ နေ့ခင်းဘက်ရောက်တော့ အပြင်မထွက်ချင်တော့သောကြောင့် ဂျောင်ဆော့ကပဲ စားစရာအချို့ကို မှာယူလိုက်သည်။ ချန်းယောလ်ကြိုက်သော ထမင်းလိပ်များကိုလည်း မပါမဖြစ် ထည့်မှာလိုက်သေးသည်။
YOU ARE READING
A Beautiful Mistake
Fanficသူ့မှာ အမြွှာညီအစ်ကိုရှိမှန်း ကျွန်တော် မသိခဲ့ဘူး။ Chanyeol X Kyungsoo