ပင်လယ်ထဲက...လှိုင်းခတ်သံ (1)

1.4K 30 3
                                    


တစ်ခါတလေ ကျွန်တော်စဉ်းစားခဲ့မိတယ် လူတစ်ယောက်ကိုချစ်မိရင် ဘယ်လိုခံစားရတယ်ဆိုတာ..အဲတုန်းကတော့ကျွန်တော်မသိခဲ့ဘူး တစ်ချို့လူတွေက အချစ်ကြောင့်ပျော်ရွှင်ရသလို တစ်ချို့လူတွေဆို အချစ်ကြောင့် ပူဆွေးဝမ်းနည်းရတယ် ငယ်ငယ်တုန်းကတော့ စဉ်းစား ခဲ့တယ် ကျွန်တော်သာ ကြီးလာရင် အချစ်ရဲ့ ကျေးကျွင်အဖြစ်မခံဘူး..
ဒါပေမယ့် တစ်စုံတစ်ယောက်နဲ့ မတွေ့ရခင် အချိန်ထိပေါ့.............။
" သား win ရေ "

"ဗျာ မေမေ "

"သား ဟိုဘက် ခြံကအိမ်အသစ်တတ်ပွဲ သွားမလို့ သားလိုက်အုံးမလား"

"ဟုတ်ကဲ့ "

အိမ်နေရင်း အကျီ င်္လေးနဲ့ မေမေနောက်က လိုက်သွားမိတယ် ....
ကျွန်တော် အသက် ၁၇ နှစ်ဆယ်တန်းဖြေထားတုန်းလေး...

" မမရေ လာထိုင်"

"ဟုတ်ကဲ့ "

"ဒါမမသားလေးလား "

"ဟုတ်တယ် "

ချပေးလာတဲ့ မုန့်တွေကိုသာ ကျွန်တော်ထိုင်စားနေမိသည်။

"သား နောက်ဆို အန်တီအိမ်ကိုလာလည်နော် အန်တီမှာလည်း သား
တစ်ယောက်ရှိတယ် အဖော်ရတာပေါ့"

"ဟုတ်ကဲ့"

.......

" ဒါနဲ့ မမယောကျာ်းကော မပါဘူးလား "

"သူက အလုပ်မှာ ညနေလောက်မှပြန်ရောက်မှာ "

"အော် နောက်တော့ ရင်းနှီးကြမှာပဲ အိမ်ကိုအမြဲလာလည်နော်.. ဒါနဲ့ သားက အခုဘယ်နှစ်တန်းလဲ"

"ဆယ်တန်းဖြေထားတယ် နောက်လလောက်ဆိုအောင်စာရင်း သိရတော့မှာ.."

ထိုစဉ် အန်တီ moe နားရောက်လာတဲ့သူ အရပ်ရှည်ရှည်အသားဖြူ၂
ကြည့်မိသူတိုင်းမျက်နှာမလွှဲချင်လောက်အောင် ချောနေတဲ့သူ...။

" ဒါ ကျွန်မ သား bright တဲ့ ဆေးကျောင်းတတိယနှစ် "

"ကြည့်စမ်းပါအုံး တော်လိုက်တာ ချောလည်းချောတယ်..သား ဒါ အန်တီ သား win တဲ့"

"ဟုတ်ကဲ့ အန်တီ..မေမေသား သူငယ်ချင်းတွေနဲ့ချိန်းထားလို့ သွားလိုက်အုံးမယ် "

ပင်လယ်ထဲက....လှိုင်းခတ်သံ( Complete) Where stories live. Discover now