EP ( 2)

696 17 0
                                    

....ပင်လယ်ထဲက...လှိုင်းခတ်သံ
                               အပိုင်း (၂)

တစ်လမ်းလုံးတိတ်ဆိတ်နေပေမယ့် လမ်းမီးရောင်အောက်မှာတောင်
bright ရဲ့ မျက်နှာလေးကကြည်လင်နေတယ်.....ခြံရှေ့ရောက်တော့ winက

" အထဲလိုက်ပို့အုံး.... "

"အင်းပါ... ထောက်နိုင်ရဲ့လား"

"နာတယ်... "

winရဲ့ အသံငယ်လေးကြောင့် အနည်းငယ်ပြုံးမိတယ် ဘယ်လိုလေး
လဲ ယောက်ျားလေးဖြစ်ရဲ့သားနဲ့ နည်းနည်းလေးနာတာကို သည်းမခံ
နိုင်ဘူး....ထိုစဉ်အိမ်ထဲရောက်တော့ မေမေနဲ့ဖေဖေက

"ဟေ့ သားဘာဖြစ်လာတာလဲ"

"ဒီလူကြီး ကားနဲ့တိုက်မိတာ သားခြေထောက်တအားနာနေတယ်"

"လာလာ ထိုင်"

bright က

" ခြေထောက်လေး နည်းနည်းခေါက်သွားတာပါအန်တီ တကယ်လို့
မနက်ဖြန်ဆက်နာနေသေးရင် ဆေးရုံကိုကျွန်တော်ခေါ်သွားလိုက်ပါမယ်"

"အင်းကွယ်... သားကဟိုဘက်ခြံကမလား"

"ဟုတ်ကဲ့ပါခင်ဗျ"

ဖေဖေက

"အော်... ဒါဆိုသားကဆေးကျောင်းတတ်နေတယ်ဆိုတဲ့ တစ်ယောက်လား"

"ဟုတ်ကဲ့ အန်ကယ် ဒါပြီးကျွန်တော်က အရိုးထူးကု ဘာသာရပ်သင်နေ
တာပါ အန်ကယ်မစိုးရိမ်ပါနဲ့ "

"ကောင်းပြီ.....ဒါနဲ့ win ယောကျာ်းလေးဖြစ်ပြီး နာနေတာလဲကြည့်အုံး"

"ဖေဖေကလည်း ယောကျာ်းလေးလည်းလူပဲ နာတာပေါ့"

" ဒေါ်အေးရေ ရေခဲနဲ့ ပဝါလေးယူလားပါအုံး"

"ဟုတ်ကဲ့ "

ဖေဖေက

"ကဲ သားလည်းအိမ်ကိုပြန်နားလိုက်တော့ ဘာမှမဖြစ်ဘူး"

"ဟုတ်ကဲ့ ဒါဆိုကျွန်တော့်ကိုပြန်ခွင့်ပေးပါအုံး အန်တီနဲ့အန်ကယ်"

"အင်းပါ "

brightထွက်သွားတော့မှ ဖေဖေက

" win ဆေးသောက်ပြီးအိပ်နော် "

"ဟုတ် ဖေဖေ"

...

"ဒီမှာ ရေခဲနဲ့ပဝါ"

ပင်လယ်ထဲက....လှိုင်းခတ်သံ( Complete) Where stories live. Discover now