EP ( 6)

440 14 0
                                    

ပင်လယ်ထဲက....... လှိုင်းခတ်သံ

                          အပိုင်း (၆)

မနက်ရောက်တော့ win အိပ်ယာကထတော့မှ သတိထားမိတယ်
ငါဘယ်လို အိပ်ယာထဲရောက်နေတာလဲ.....မသိတော့ဘူး
ရုပ်ရှင်ကြည့်နေတုန်းအိပ်ပျော်နေတာပါ။

"win နိုးပြီလား ဒီနေ့အစ်ကိုစောစောသွားရမယ်"

"ဟုတ်ကဲ့ ကျွန်တော်ရေချိုးလိုက်တော့မယ်"

"ရေချိုးပြီးရင် မနက်စာလာစားနော်"

"ဟုတ်ကဲ့"

ရေမြန်မြန်ချိုးပြီးခါမှ.....အသင့်လုပ်ထားသော မနက်စာကို
ထိုင်စားလိုက်သည်။

"ဒီနေ့ ကြည့်ကောင်းနေတယ်နော်"

"ဟုတ်ကဲ့ အစ်ကိုရောပဲ"

"ဒီနေ့ အတန်းပြီးရင်ဖုန်းဆက်လိုက် နေ့လယ်စာအတူစားမယ် အစ်ကိုယ့်သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးမယ်"

"ဟုတ်ကဲ့"

winရဲ့စကားပြောတဲ့ပုံစံလေးကအရမ်းချစ်စရာကောင်းတယ်။
ကျောင်းကိုရောက်တော့ khantက

"win အဲအစ်ကိုနဲ့အတူနေတာလား"

"ဟုတ်တယ်လေ မင်းနဲ့မိတ်ဆက်ပေးမယ် "

"အင်း ငါကြားတယ်နော် အဲအစ်ကိုက မနှစ်က popular king
ရထားတာတဲ့  မိန်းကလေးတွေရဲ့ အသဲစွဲတဲ့ ဆေးကျောင်းတောင်
မဟုတ်ဘူး GTC နဲ့CUတို့မှာရော အရမ်းနာမည်ကြီးတာတဲ့"

"ဟုတ်လား ငါတောင်မသိဘူးနော်"

"မင်းက တုန်းတာကို ဒါနဲ့ မင်းတိတ်တခိုးသဘောကျနေတယ်ဆိုတဲ့
လူ ကအဲအစ်ကိုဟုတ်တယ်မလား"

"နေအုံးနေအုံး မင်းဘယ်လိုသိလဲ"

"ငါက မင်းနဲ့ပေါင်းလာတာ အရမ်းကြာနေပြီ မင်းမိန်ကလေးတွေစိတ်မဝင်စားတာ ငါသိပါတယ်"

"သိလည်းအေးဆေးနေ.... "

"မင်းကြိုက်နေမှတော့ဖွင့်ပြောလိုက်ပေါ့ အချစ်ဆိုတာက ၁%လောက်
ရှိရင်တောင် ဖွင့်ပြောသင့်တာ နောင်တမရအောင်လို့လေ "

"အဲအစ်ကိုက ငြင်းလိုက်ရင်ရော"

" စမ်းကြည့်ပေါ့ကွာ မကောင်းဘူးလား"

ပင်လယ်ထဲက....လှိုင်းခတ်သံ( Complete) Where stories live. Discover now