EP (12)

397 11 0
                                    

ပင်လယ်ထဲက..... လှိုင်းခတ်သံ

             အပိုင်း (၁၂)

တစ်ခါတလေအချစ်ဆိုတာက လူနှစ်ဦးတည်းနဲ့ မသက်ဆိုင်ပါ.....။
ကျွန်တော်တို့ အတူနေလာတဲ့ တစ်လျှောက်လုံး အတားအဆီးတွေ
ကတော့အမြဲရှိနေမှာပါ။ ၁လကြာပြီးနောက်။

"win မနက်ဖြန် အစ်ကိုဆေးရုံဆင်းရမယ်.... "

"အစ်ကိုကလည်း ရပါတယ် ကျွန်တော်အဆင်ပြေပါတယ် ဒါပေမယ့်ကျွန်တော် လွမ်းနေမှာနော်"

"ဟုတ်ပါပြီ ကလေးလေး လာအုံး"

ပြောပြီး bright ကပြုံးပြီး winကိုဖတ်လိုက်သည်။ win ကတော့
မျက်နှာလေးဆူပုတ်ပြီးတော့မှbrightက

"win လိမ္မာရမယ်နော် နောက်ဆိုအစ်ကိုအချိန်တွေအများကြီး မအားရင် winနားလည်ပေးရမယ်နော်... အစ်ကိုwinကိုချစ်တယ်နော်"

"ဟုတ်....ဒီနေ့တော့ ကျောင်းမသွားတော့ဘူး အပြင်လျှောက်လည်ရအောင်"

"အိုဟို တော်တော်တတ်နေပါလား အတန်းလစ်မယ်ပေါ့ အခုမှပထမနှစ်ပဲရှိသေးတာလေ "

"မသိပါဘူး ဒီနေ့တစ်ရက်ထဲလေ နောက်ဆိုအစ်ကိုက အချိန်သိပ်ရမှာ
မဟုတ်ဘူး ဒါပြီးဆေးရုံကပြန်လာရင် ပင်ပန်းနေမှာပေါ့ "

"ဟုတ်ပါပြီ ကလေးသဘောပဲ"

ပြောပြီးတာနဲ့ win ကbrightရဲ့ ပါးကိုနမ်းကိုသည်။ အကျီင်္လှဲပြီးတာနဲ့
နှစ်ယောက်အတူထွက်လာခဲ့သည်။

"အစ်ကို ကားနဲ့ပဲသွားရအောင် ...ဘာလို့လဲဆိုတော့ အစ်ကိုကားမောင်းနေတာကိုကြည့်နေချင်လို့"

"ဟုတ်ပါပြီ အရင်ဆုံးစားသောက်ဆိုင်သွားရအောင် win က
စားရတာကြိုက်တာတော့သိတယ်"

"ဟုတ်....ဒါနဲ့တခြားဟာတွေကကောမသိဘူးလား"

"မသိဘူးပြောပြ"

"အစ်ကိုနော်.... "

"ဟုတ်ပါပြီ win ကြိုက်တာတွေအကုန်သိပါတယ်ဟုတ်ပြီလား"

စားသောက်ဆိုင်ရောက်သွားတော့မှ..... winကစားစရာတွေမှာလိုက်ပြီးတော့မှ

"အစ်ကို ကျွန်တော်တို့ ၁နှစ်ပြည့်ရင် ခရီးထွက်ရအောင်"

"ဘယ်ကိုသွားချင်လဲ"

ပင်လယ်ထဲက....လှိုင်းခတ်သံ( Complete) Where stories live. Discover now