EP ( 10)

420 11 0
                                    

ပင်လယ်ထဲက.... လှိုင်းခတ်သံ

             အပိုင်း (၁၀)

ထိုနေ့ညက အိပ်မပျော်ခဲ့ဘူး....... အစ်ကိုယ့်ကို ကျွန်တော်ခွင့်လွှတ်သင့်တယ် ထင်တယ်....။ ဘယ်လိုပဲဖြစ်ဖြစ်
ကျွန်တော်က အခုချိန်မှာတော့ သူ့ရဲ့ချစ်သူ။ ကျွန်တော် ယုံကြည်သင့်
တယ်။ မနက်ဆိုရင်တော့ ပြန်ခေါ်လိုက်ပါမယ် ။ တကယ်တော့
ကျွန်တော် အစ်ကိုမရှိပဲ မနေနိုင်ဘူး။

မနက်ရောက်တော့ ....ထမင်းစားခန်းတွင်မေမေက

"မေမေ "

"သားနေကောင်းသွားပြီလား "

"ဟုတ်ကဲ့ ကောင်းသွားပါပြီ"

"ဒီမှာ သား မေမေနဲ့ အပြင်လိုက်မလား"

"ဘယ်ကိုလဲ မေမေ"

"မေမေ သူငယ်ချင်းအိမ်ကို သွားလည်မလို့ သားလိုက်ခဲ့လေ အိမ်ထဲမှာပဲ နေရင် မလန်းမဆန်းဖြစ်နေအုံးမယ်"

"ဟုတ်ကဲ့ သားအကျီင်္သွားလှဲလိုက်မယ်"

"အေးအေး"

အကျီင်္လှဲပြီးထွက်လာခဲ့သည်။ အစ်ကိုယ့်ကိုမပြောတော့ဘူး
အများကြီး ကြာမှာလဲမဟုတ်ပါဘူး ပြန်လာမှပဲ အစ်ကိုယ့်အိမ်ကိုသွား
တော့မယ်။

မေမေနဲ့ထွက်လာခဲ့ပြီးတော့

"မ chawရေ "

"အမယ်လေး ကျွန်မက လာပါ့မလားလို့ လာဝင်ထိုင်"

"လာမှာပေါ့ မိတ်ဆွေအရင်းကြီးတွေပဲကို"

"ဟုတ်တာပေါ့ "

"ဒါ သားလေးလား ကြည့်စမ်းချောလိုက်တာ chawတို့နဲ့တုန်းက ငယ်ငယ်လေးပဲရှိသေးတယ်"

"ဟုတ်တယ်ရှင့် ဒါနဲ့ မchawသားလေးကော ဘယ်မှာလုပ်နေလဲ"

"သူ့ဖေဖေ company မှာလုပ်နေတယ်ဒီနေ့တော့မသွားဘူးလားမသိဘူး... သားရေး"

"ဗျာမေမေ "

"လာပါအုံး "

"ဟုတ်ကဲ့".

သူကအိမ်ပေါ်ကဆင်းလာပြီးတော့

"သား မှတ်မိလား သားညီလေးကို"

"မှတ်မိတာပေါ့ winဟုတ်တယ်မလား "

"ဟုတ်တယ် သားကမှတ်မိသားပဲ သားညီလေးက ဆေးကျောင်းတတ်နေတာလေ"

ပင်လယ်ထဲက....လှိုင်းခတ်သံ( Complete) Where stories live. Discover now