(picture Crd from Pinterest)
"တင်! တင်! တင်! တင်!"
ပုံမှန်နှိုးနေကျ နှိုးစက်မြည်သံကြောင့် နိုးထလာရပေမယ့် သူ့ခေါင်းတစ်ခုလုံးက တဆစ်ဆစ်ကိုက်ခဲလို့နေသည်။ ခုတင်ဘေး စားပွဲပေါ်ရှိဖုန်းကို လက်နှင့်စမ်းကာ နှိုးစက်မြည်သံကို အနားပေးလိုက်ပြီး အားတင်း၍ ထထိုင်လိုက်ရ၏။
စက်ရုပ်တစ်ရုပ်လို ဖြစ်နေခဲ့သည်မှာ အချိန်ကာလတစ်ခုပင် ကြာမြင့်နေခဲ့ပြီမို့ ခေါင်းကိုက်သည် ဖျားနာသည် မငြီးငြူအားဘဲ သူအလုပ်သွားဖို့ ပြင်ရပြန်သည်။ စားပွဲပေါ်တွင် ပြန့်ကျဲနေသော စာရွက်များနှင့် ဖွင့်လက်စ Laptop ကိုမြင်မှ သူ ညကညဥ့်နက်တဲ့အထိ အလုပ်လုပ်မိပြန်ကြောင်း သတိရမိ၏။ ကိုက်ခဲနေသောနားထင်ကို လက်ညှိုးလက်မတို့နှင့် ညှပ်ဖိလိုက်ပြီး ရေးချိုးခန်းဝင်ရသည်။ သူ့တွင် ရုံးသွားဖို့ပြင်ဆင်ချိန် မိနစ် ၂၀ သာရှိ၏။
နံနက်ခင်းမှာ သံပတ်ပေးထားသော စက်ရုပ်တွေလို ရထားဘူတာဆီကို ဦးတည်နေကျသူများအကြား သူလည်း စက်ရုပ်တစ်ရုပ်အဖြစ်ပါဝင်တိုးဝှေ့ဖြစ်ပြီး သူ့အတွက် နံနက်စာက ဘူတာရုံအောက်ကဆိုင်မှ အသားညှပ်ပေါင်မုန့်တစ်ခုနှင့် ကော်ဖီတစ်ခွက်မျှသာ။
သူရုံးသို့ရောက်ချိန်မှာ သူ့ထက်ပို၍ အချိန်တိကျတတ်သော ဝေမိုးထွန်းက ရောက်နှင့်နေပြီး ထုံးစံအတိုင်း နှုတ်ဆက်၏။
"မောနင်း ဥာဏ်လင်းသက်"
သူ ထုံးစံအတိုင်း ခေါင်းတစ်ချက်သာညိတ်ပြီး ပြန်နှုတ်ဆက်လိုက်၏။ ဝေမိုးထွန်းက ထိုင်နေရာမှထကာ သူ့အနားရောက်လာပြီး သူ့အားစူးစမ်းသလိုကြည့်သည်။
YOU ARE READING
ကိုကို Enjoyers Series 💓
Romanceကိုကို Enjoyers Series Boy Love One Shot Collection