"ကိုကို" မချစ်ဘူးမပြောပါနဲ့ Final (U)

7.4K 691 77
                                    

နံနက်ခင်း၏နေရောင်ခြည်နုနုက မှန်ပြတင်းလိုက်ကာကြားမှ တိုးလျှိုးကာနှုတ်ဆက်ဖို့ ကြိုးစားနေကြသည်။ မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်ကြည့်မိတော့ သူ့ခန္ဓာကိုယ်ပေါ်မှာ စောင်ထူထူတစ်ထည်လွှမ်းခြုံထားသည်ကိုတွေ့ရ၏။ သူနှုတ်ခမ်းတွေကို တွန့်ချိုး၍ ပြုံးလိုက်မိသည်။

"ကေးပုစိကတော့ကွာ"

ကေးကေးသည် လမ်းခွဲ၍ထားရစ်ခဲ့နိုင်သောသူ့အား စိတ်ဆိုးချင်ဟန်ဆောင်နေ၏။ "ကိုကိုနဲ့ကျွန်တော်က အခု သူစိမ်းတွေ" ဟုဆိုကာ သူ့အားခုတင်အောက်ကြမ်းပြင်တွင် အိပ်ရာပြင်ပေးခဲ့သည်။

"စောင်အပိုမရှိဘူး... ကိုကို ဒီတိုင်းပဲအိပ်... မအိပ်နိုင်ရင် တခြားနေရာသွား"

ရက်စက်သည်ဟု မဆိုသာသော ဆတ်တောက်တောက်လေသံလေးအား သူ့မှာစောဒကမတက်နိုင်ခဲ့။ ခုတင်ပေါ်တွင်ကျောခိုင်းထားသော ကျောပြင်လေးအား အနီးကပ်မြင်နေခွင့်ရသည်ကပင် သူ့ခံခဲ့ရသောငရဲမှလွတ်မြောက်ပြီဟူသည့်အသိက ရင်ကိုငြိမ်းအေးစေရပြီ။

မထိရ မကိုင်ရနှင့် တားမြစ်ဒဏ်ခတ်ခံထားရသူတစ်ယောက်အဖို့ အသက်ရှုသံတိုးတိုးလေးကိုသာ အလွမ်းပြေအားစိုက်နားထောင်ရင်း အိပ်ပျော်ဖို့ကြိုးစားခဲ့ရသည်။ အိပ်မက်တွေထဲမှာတော့ ထုံးစံအတိုင်း ကေးကေးကိုရှာဖွေရင်း အားကစားရုံခေါင်မိုးထပ်ပေါ်ရှိ ဆေးလိပ်ငွေ့တွေကြားထဲမှာ ပြေးလွှားနေရင်းပေါ့။

"ချပ်" "ကျွီ"

တံခါးဖွင့်သံနှင့်အတူ ရေချိုးခန်းမှပြန်လာသော ကေးကေးက အခန်းထဲသို့ဝင်လာသည်။ သူလှဲနေရာမှ ထထိုင်လိုက်၏။ ကေးကေးက သူ့အားတစ်ချက်ကြည့်ကာ အဝတ်ဗီရိုကိုဖွင့်ပြီး အဝတ်အစားလဲသည်။

"ကေး... အလုပ်ကဘယ်အချိန်သွားရမှာလဲ"

"၈ နာရီ"

"ကိုကိုလိုက်ပို့မယ်နော်"

"မလိုဘူး"

ကေးကေးဆီမှပြန်ဖြေသံက မဆိုင်းမတွ။ သူစောင်တွေကိုခေါက်သိမ်း၍ ခုတင်ပေါ်တင်လိုက်ပြီး ရေချိုးမျက်နှာသစ်ရန် ကမန်းကတမ်းပြင်ရသည်။ တော်ကြာ ကေးကေး သူ့ကိုမစောင့်ဘဲထွက်သွားမှဖြင့်။

ကိုကို Enjoyers Series 💓Where stories live. Discover now