1990 April ~
ပန်းခြံလေးထဲကဒန်းပေါ်မှာထိုင်ရင်း ice cream စားနေတဲ့ 4နှစ်အရွယ်ကလေးမလေးတစ်ယောက် .
လေတစ်ချက်ဝှေ့လိုက်တိုင်း လည်ဂုတ်ဖွေးဖွေးကလေးပေါ်ကအညိုရောင်အကွက်ပုံစံအမှတ်ကလေးမှာ ဆံပင်တွေအောက်မသိမသာပေါ်လွင်နေတယ်။
ပုခုံးနားမှာဝဲကျနေတဲ့ဆံပင်ခပ်နက်နက်တွေက နုနယ်လှတဲ့ပါးဖောင်းဖောင်းလေးတွေနဲ့ပနံသင့်စွာဖြူစင်လွန်းနေတယ် ကိုယ်ပေါ်ကအဝတ်နွမ်းနွမ်းလေးသာ တစ်ခုတည်းသောချွင်းချက်ဆိုပေမယ့်...Ice cream ကိုစားနေရင်း မတော်တဆလက်ထဲကလွတ်ကျသွားတော့ နှုတ်ခမ်းဖောင်းဖောင်းလေးမှာသိသိသာသာမဲ့ကျသွားပြီး ကျသွားတဲ့ရေခဲမုန့်ကိုကြည့်ကာ မျက်ရည်တွေစီးကျလာတယ်။
"မငိုပါနဲ့"
ကလေးမလေးရဲ့မြင်ကွင်းထဲ ရှူးဖိနပ်လှလှလေးစီးထားတဲ့ခြေတစ်စုံနဲ့အတူ အသံသေးသေးလေးတစ်သံဝင်လာခဲ့တယ်။
ပေါက်နေတဲ့ဘွတ်ဖိနပ်ညစ်ညစ်လေးနဲ့...
ရှူးဖိနပ်ပန်းရောင်တောက်တောက်ကလေးတို့က မြင်ကွင်းတစ်ခုထဲ ခြားနားစွာပေါင်းစပ်နေရင်း...မျက်ရည်တွေကြားထဲကနေ မော့ကြည့်လိုက်တယ်ဆိုရင်ပဲ သူမနဲ့ရွယ်တူကလေးမတစ်ယောက်ကိုတွေ့လိုက်ရတယ်။ကလေးမလေးကသူမလေးကိုကြည့်ရင်း ကျိုးနေတဲ့ရှေ့သွားနှစ်ချောင်းပေါ်အောင်ပြုံးပြနေရင်းက...
"ငါတို့အမေကပြောတယ် ငိုတဲ့သူကသနားစရာကောင်းတယ်တဲ့"
သွားကျိုးမလေးကပြောလိုက်ရင်းပဲ လက်ထဲကလက်ကိုင်ပဝါအဖြူရောင်နုဖက်ဖက်လေးကို လှမ်းပေးလိုက်ပြီးတော့...
"နင်သူငယ်ချင်းမရှိဘူးလား"
သူမကိုကြည့်ရင်းခေါင်းယမ်းပြလာတဲ့ ဒန်းပေါ်ကကလေးမလေးက နေရောင်အောက်ထဲမျက်လုံးလေးတွေခပ်လဲ့လဲ့။
"ဒါဆို ငါနဲ့သူငယ်ချင်းလုပ်ရအောင် ငါ့နာမည်က..."
"ဟာယန်းလေး...ဘာလုပ်နေတာလဲ အမြန်လာလေ"
ရုတ်တရက်ကလေးမလေးရဲ့မိဘတွေက အနောက်ဘက်ခပ်ဝေးဝေးကနေ သူတို့သမီးကိုရယ်ရွှင်စွာနဲ့လှမ်းခေါ်လိုက်တယ်ဆိုရင်ပဲ သွားကျိုးမလေးမှာဆံပင်ဝဲဝဲလေးတွေခါတဲ့ထိ လှည့်ပြေးသွားတော့တယ်။
ပြီးနောက်မိသားစုနဲ့အတူကားပေါ်တက်သွားရင်း ခပ်လှမ်းလှမ်းမှာကျန်ရစ်ခဲ့တဲ့ရွယ်တူကောင်မလေးကို လက်ပြနေတဲ့ပုံကဖြူဖြူစင်စင်။
YOU ARE READING
TIAMO
FanfictionSunghoon×OC April... အသက်ရှူရပ်လောက်စရာအခိုက်အတန့်... ချစ်တယ် ဟွန်းလေး...