4

52 6 0
                                    

ဆူညံလင်းထိန်နေတဲ့ညပွဲဈေးတန်းထဲ လူတွေပျားပန်းခတ်လှုပ်ရှားနေကြတယ်။အမျိုးစုံသောပုံ‌စံတွေကြား စိတ်တွေကိုပေါ့နေအောင်ထားလိုက်ရင်းက  တော်တော်ကြာမှပကာသနတွေမပါဘဲ မြင်သမျှတိုင်းကိုမျက်စိအစာကျွေးပစ်လိုက်တယ်။

ကောင်းလိုက်တာ...တစ်ယောက်ထဲမို့ပိုကောင်းတယ် .

လက်လုပ် fancy တွေရောင်းတဲ့သစ်သားဆိုင်နားက လမ်းချိုးကိုကွေ့လိုက်တာနဲ့ တူရိယာ‌အတီးပြပွဲအတွက်လက်မှတ်ရောင်း‌တဲ့နေရာကိုတွေ့တယ်။

"တစ်စောင်ပေးပါ"

သူ့အသံနဲ့တစ်ထပ်တည်းကျသွားတဲ့ မိန်းကလေးအသံနောက်တစ်ခုကြောင့် လှည့်ကြည့်လိုက်တယ်ဆိုရင်ပဲ မျက်နှာချင်းဆိုင်သွားစုံတယ်။

"တစ်စောင်ပဲရှိတော့တယ်တော့ နှစ်ယောက်ကလာတာနောက်ကျကြတာကို ဘယ်လိုလုပ်ကြမလဲ"

ကောင်တာကအစ်မကဘူဆန်လေသံနဲ့အော်ကျယ်အော်ကျယ်ဝင်ပြောတော့မှ မိန်းကလေးဘက်ကပဲဖာသိဖာသာအကြည့်လွှဲသွားရင်း....

"ကျွန်မ မယူတော့ဘူးနော်"

ပြောပြီးထွက်သွားတဲ့ကောင်မလေးကြောင့် ဆောင်းဟွန်းအနည်းငယ်ကြောင်အမ်းသွားပေမယ့် စိတ်ထဲမှာတော့အတော်ပဲဖြစ်သွားတာပေါ့။အခွင့်သာတုန်းလာရတဲ့အဓိက‌အကြောင်းအရင်းက ဒီပြပွဲကြည့်ဖို့အတွက်ပဲမလား။

"အိုက်ဂူးးး သဘောကောင်းလိုက်တာသဘောကောင်းတယ်...ဒါနဲ့ကောင်လေး!! မယူဘူးလား"

"ဗျာ! ဟုတ်..."

လှမ်းပေးလာတဲ့လက်မှတ်ကိုယူလိုက်ရင်းက ခန်းမအဝင်ဘက်ကို‌ဦးတည်လိုက်တယ်။

"ပြဿနာတက်ပြီသူဌေး!! တခြားတူရိယာတွေဖျော်ဖြေလို့‌ပြီးသွားပြီကို piano တီးတဲ့လူအခုထိမရောက်လာသေးဘူး"

ဝင်ပေါက်နားကပွဲစီစဉ်သူကိုပျာသလဲလဲလာပြောတဲ့ ဝန်ထမ်းကောင်လေးရဲ့အသံမှာကျယ်လွန်းလို့ သူအပါအဝင်အနားပတ်ဝန်းကျင်ကလူတွေအကုန်ကြားလောက်တဲ့အနေအထား။

"ဘာ!! အမြန်ဆက်သွယ်ကြည့်အုံး"

"ခုနထဲကမရဘူး ဘယ်လိုလုပ်မလဲ"

TIAMOWhere stories live. Discover now