"ဟို...တမင်ခိုးကြည့်တာမဟုတ်ဘဲ မတော်တဆတွေ့သွားတာပါ . ဒါနဲ့ငါ့သီချင်းလည်း...."
"မဟုတ်မှလွှဲရောနင်က...သီချင်းပိုင်ရှင်လား"
ဆောင်းဟွန်းဆီကပြန်ဖြေသံမလာတဲ့အခါ နှစ်ယောက်သား 5စက္ကန့်လောက်တောင့်တောင့်ကြီးရပ်နေမိကြရာကတိတ်ဆိတ်လို့။
"ဟုတ်နေတာပဲ.. ပြပွဲတုန်းကစန္ဒရားတီးခဲ့တဲ့လူ"
"အဲ့ဒီတော့ သီချင်းသံကို အဲ့ဒီဘက်က record ယူထားတယ်ပေါ့"
စိတ်ဆိုးသလိုပုံစံမျိုးမတွေ့ရပေမယ့် ဆောင်းဟွန်းမျက်လုံးတွေအနည်းအကျဉ်းမျှမာန်ပါနေခဲ့ရင်း သူမကိုကြည့်ကာဒဲ့ဆန်ဆန်မေးလာတယ်။
"အင်း လူကြားထဲပေါ်ပေါ်ထင်ထင်ဖျော်ဖြေမှုအပေါ် ကြိုက်နှစ်သက်သူတစ်ယောက်အနေနဲ့စိတ်ကြိုက်မှတ်တမ်းတင်ခွင့်ရှိတယ် အထူးသဖြင့်မနေ့ကပြပွဲလိုစည်းကမ်းချက်မသတ်မှတ်ထားတဲ့ အပျော်ပွဲအသေးစားမျိုးတွေမှာ"
ပုံမှန်အနေအထားနဲ့နာယောင်းက အေးဆေးစွာအတိအကျဖြေရှင်းပြလာတော့ ဆောင်းဟွန်းမျက်ခုံးနည်းနည်းတွန့်ချင်လာတယ်။ စွာလိုက်တာများ ပက်ခနဲဘဲ .
"အာ ဒါမှမဟုတ် ဒီမှာကအဲ့လိုလုပ်လို့မရဘူးလား"
သူ့မျက်နှာထားကိုကြည့်ရင်း နာယောင်းခပ်တိုးတိုးရေရွတ်မိလို့ မျက်မှောင်ကြုံ့ကာမကျွမ်းဝင်သေးတဲ့ကိုးရီယားနိုင်ငံကြောင့် ကိုယ့်အပြောပင်မှားသွားလေသလား။
"ဘယ်လိုဘဲဖြစ်ဖြစ်ဒီသီချင်းက တရားဝင်မဖြန့်ဝေရသေးတာမို့..."
ပြောရင်းဆိုရင်းဆောင်းဟွန်းက စားပွဲပေါ်တင်ထားတဲ့အသံသွင်းစက်အသေးစားလေးကို ကောက်ကိုင်လိုက်ပြီးထောင်ပြလာတယ်။သူသိမ်းလိုက်ပါပြီဆိုတဲ့မျက်နှာထားကတသမတ်ထဲနဲ့။
"အေးပါ ငါကလည်းကံရာကံရှင်မသိဘဲခိုးသွင်းမိတာကို.."
နှုတ်ခမ်းအပေါ်အောက်ကိုဖိရင်း ခပ်လူလူပင်ပြောလာသောသူမကိုကြည့်ပြီး ဆောင်းဟွန်းဘက်ကပြောစရာမကျန်တော့တာမို့ လှည့်ထွက်ဖို့ပြင်လိုက်တယ်။မဆိုးပါဘူး ထင်ထားတာထက်နားလည်မှုရှိသားပဲ .

YOU ARE READING
TIAMO
FanfictionSunghoon×OC April... အသက်ရှူရပ်လောက်စရာအခိုက်အတန့်... ချစ်တယ် ဟွန်းလေး...