ထပ်ဆင့်ဖြစ်ပေါ်သော အပြောင်းအလဲမြန်တဲ့ကံတရား.
ကိုယ့်ဘဝတစ်ခုလုံးပြောင်းပြန်ဖြစ်သွားအောင်တွန်းပို့နိုင်တဲ့ကံတရားက ရုတ်ချည်းအဲ့နေ့မှာပဲစိုက်ရောက်လာခဲ့တယ်။4နှစ်သမီးပဲရှိသေးတဲ့ကိုယ်က အဲ့နေ့ရဲ့အဆုံးမှာမိုးရေထဲဝယ် မိဘမဲ့ဂေဟာတစ်ခုရှေ့မေ့လဲနေခဲ့တာ။ကိုယ်ကိုယ်တိုင်တောင်မထင်မှတ်ထားပါဘဲ အစိမ်းသက်သက်ပြောင်းလဲသွားတဲ့နေ့ကစပြီး မိဘမဲ့ကျောင်းကကိုယ့်အတွက်အိမ်ဖြစ်လာခဲ့တယ်။
ကိုယ့်အသက် 15နှစ်၊ အလယ်တန်းကျောင်းသူအရွယ်ထိ မိဘမဲ့ဆိုတဲ့ခေါင်းစဉ်အောက်မှာပဲတိုးတိတ်စွာနေပြီး အရက်သမားအဖေကိုလုံးလုံးလျားလျားမေ့ထားခဲ့တယ်။ပြန်မသွားချင်လို့သာရေငုံနှုတ်ပိတ်နေခဲ့ပေမယ့် လာရှာတဲ့သူလည်းမရှိနေခဲ့ပါဘူး။ အင်းလေ.. အတော်ပဲဖြစ်သွားတာပေါ့ !
အဲ့ဒီအချိန်...အချိန်ကိုက်လေးမှာပဲ ကိုယ်တို့မိဘမဲ့ဂေဟာကို အမတ်ချွဲနဲ့သူ့ဇနီးဆိုဆူဂျင်းတို့လုပ်အားပေးလာကြတယ်။တစ်နည်းအားဖြင့် ချွဲဟာယန်းရဲ့မိဘတွေပေါ့...ဒါကိုကိုယ်ဘယ်မေ့နိုင်ပါ့မလဲ။အဖြစ်အပျက်တွေအားလုံးက အမှတ်တရထဲလေးလေးပင်ပင်ကိုအစိမ်းလိုက်ရှိနေတာမလား။ချွဲဟာယန်း!!သူမကိုမျက်စိရှေ့တင် ဖမ်းခေါ်သွားကြတာကိုရော...
ဖြစ်ချင်တော့မနက်ပိုင်းကျောင်းသွားဖို့ကို ဘက်စ်မမှီမှာစိုးတာနဲ့ အဆောင်ထဲကနေပြေးထွက်လာခဲ့တယ်ဆိုရင်ပဲ သူဌေးကတော်ဆိုဆူဂျင်းနဲ့ဘုတ်ကနဲဝင်တိုက်မိတယ်။
ဒီလိုမျိုးကြီးမျက်နှာချင်းဆိုင်မြင်မိတော့ နည်းနည်းတုန်လှုပ်မိပေမယ့် ချက်ချင်းဘာမှမဖြစ်သလိုဟန်က အတွေးထဲအော်တိုပါပဲ။
"တောင်းပန်ပါတယ်သူဌေးကတော် ကျွန်မနောက်ကျနေလို့ပါ"
သူမပြုံးသလိုထင်ရပေမယ့် မျက်လုံးတွေကပီပြင်စွာအသက်မဲ့နေတယ်။ပြီးနောက်ခုနကတိုက်မိတုန်းကကျသွားတဲ့ကိုယ့်လက်ကိုင်ပဝါအဖြူလေးကို ကောက်ကိုင်လိုက်ပြီး...
"ဒါက...."
မျက်ခမ်းနားလေးအနည်းငယ်လှုပ်ရှားသွားတာကိုမြင်လိုက်ရတော့မှ ကိုယ့်ခံစားချက်တွေလည်းလှိုက်တက်လာရင်း အတွေးထဲလှုပ်လှုပ်ခတ်ခတ်။သူမကပဝါပေါ်မှာရေးထိုးထားတဲ့ နာမည်ကိုကြည့်ရင်း...
YOU ARE READING
TIAMO
FanfictionSunghoon×OC April... အသက်ရှူရပ်လောက်စရာအခိုက်အတန့်... ချစ်တယ် ဟွန်းလေး...