1

628 63 13
                                    

"သမီး ဒီနေ့ဆိုင်ပိတ်လိုက်ပါလား။ အရေးကြီးတဲ့ ဧည့်သည်တွေလာမှာမို့ အဲ့တာ သမီးနဲ့လည်း မိတ်ဆက်ပေးရင်း အတူ lunch စားချင်လို့"

အလုပ်သွားဖို့ ပြင်ဆင်နေတဲ့ ဂျီဆူးကို အခန်းအပြင်ကနေ အဖေဖြစ်သူကလှမ်းပြောလိုက်သည်။

နာမည်အပြည့်အစုံကတော့ ကင်မ်ဂျီဆူးပါ။ အသက်က ၂၈ နှစ်ရှိပြီး ကိုယ်ပိုင်ကော်ဖီဆိုင်လေးတစ်ဆိုင်ရှိတယ်။ ဝင်ငွေကတော့ အရမ်းလည်းမများ အရမ်းလည်းမနည်း ကျွန်မတစ်ယောက်စာအတွက်တော့ လုံလောက်ပါတယ်။ အဖေကတော့ HJK ကုမ္ပဏီရဲ့ CEOပေါ့။
အဖေက သူ့ကုမ္ပဏီမှာ ဝင်လုပ်စေချင်ပေမဲ့ ကျွန်မက စိတ်မဝင်းစားတာမို့ အဖေ့ဆန္ဒကိုငြင်းခဲ့တာလေ။ အမေကတော့ ဆုံးသွားတာ ၄နှစ်ရှိပြီ။ သားဖနှစ်ယောက်တည်းရှိပေမဲ့ မပျင်းရဘူး။ အဖေကလည်း အလုပ်တွေဘယ်လောက်ပဲရှုပ်ရှုပ် မနက်စာနဲ့ညစာကို‌တော့ ကျွန်မနဲ့အတူစားပေးတယ်။ အဲ့အချိန်တွေမှာဆို အဖေကလည်း သူ့ကုမ္ပဏီအကြောင်းတွေပြောရင်း တိုင်ပင်စရာရှိတာတိုင်ပင်တယ်၊ ကျွန်မကလည်း စီးပွားရေးနဲ့ပတ်သတ်ပြီး အဖေ့ဆီက အကြံဉာဏ်တွေတောင်းဖြစ်တယ်။

"‌ဒီနေ့တစ်ရက်တော့ ပိတ်လို့ဖြစ်တယ်မလား။ တစ်ခါတစ်လေလေး အပြည့်အဝနားလိုက်ပါလား"

"အရေးကြီးတဲ့ ဧည့်သည်နဲ့တွေ့ရမှာဆိုတော့လည်း ပိတ်လိုက်ပါမယ်။ သမီးလည်း တစ်ရက်လောက်နားချင်နေတာ နားမယ် နားမယ်နဲ့ မနားဖြစ်ဘူးရယ်"

ဒီလိုနဲ့ ကျွန်မကော်ဖီ‌ဆိုင်လေးကိုမသွားတော့ပဲ အဖေနဲ့အတူ ဧည့်သည်တွေအတွက် စားစရာတွေ ချက်ပြုတ်ရင်း ဧည့်သည်တွေအလာကိုစောင့်နေလိုက်သည်။

နေ့လည် ၁၁နာရီလောက်ကျတော့ အိမ်ရှေ့ ကားတစ်စီးရောက်လာတယ်။ အဖေပြောတဲ့ ဧည့်သည်တွေထင်တယ်။ အဖေက‌ရေချိုးနေတုန်းမလို့ ကျွန်မကပဲ အိမ်ရှေ့ထွက်ပြီး ဧည့်သည်တွေကို ကြိုရတော့မယ်။

အရေးကြီးတဲ့ ဧည့်သည်တွေဆိုတော့ အဖေ့ရဲ့ အသိမိတ်ဆွေယောက်ျားကြီးတွေပဲထင်တာ ဒါပေမဲ့ ကားပေါ်ကဆင်းလာကြ‌တော့ အမျိုးသမီးနှစ်ယောက်ဖြစ်နေတယ်။ တစ်ယောက်ကတော့ အဖေ့အရွယ်လောက်ပဲ။ ဒါပေမဲ့ အဖေ့ထက်တော့ငယ်မယ်ထင်ပါရဲ့။ နောက်တစ်ယောက်က လူငယ်ပိုင်းလောက်ပဲဖြစ်မယ်။ အသက်ကတော့ ကျွန်မထက်ငယ်မဲ့ပုံဆိုပေမဲ့ အရပ်ကတော့ ကျွန်မထက် ရှည်တယ်။

Crazy over youWhere stories live. Discover now