4

275 35 8
                                    

အဲ့နေ့ကစပြီး လာလီဆာဆိုတဲ့ ဂျစ်တူးလေးက ကျွန်မအနားကြောင်လေးတစ်ကောင်လို အတင်းကပ်တော့တာပဲ။ အခုလည်း ကျွန်မကုတင်ပေါ်မှာ ကားယားကြီးအိပ်နေလေရဲ့။ ညဘက်သရဲကားကြည့်ပြီး တစ်ယောက်ထဲမအိပ်ရဲလို့ ညက ကျွန်မအခန်းထဲဝင်အိပ်တာတဲ့လေ။ ကျွန်မကတော့ မထင်ပါဘူး သူလားသရဲကြောက်မှာ။

"ဒီမယ် ထတော့! တို့လည်း ဆိုင်သွားရတော့မယ်...ထတော့..ထ"

"၅မိနစ်"

စောင်ကိုခေါင်းအထိခြုံထားရကနေ ဖယ်လိုက်ပြီး လက်၅ချောင်း‌ထောင်က အိပ်ချင်မူးတူးအသံနဲ့ပြောလာသည်။

ကျွန်မတစ်ခါတစ်လေတွေးမိတယ်။ အဲ့ကောင်မလေးက ဘယ်လိုနေနေချောနေတာပဲလားဆိုပြီး။ အခုလည်း ဆံပင်တွေ ဖရိုဖရဲဖြစ်ပြီး မျက်နှာလေးရှုံ့သွားတာတောင် သူချောနိုင်သေးတာ။ သူ့မေမေကတော့ ကံကောင်းတာပဲ။

"ကဲပါ‌ထတော့...အောက်မှာအဖေတို့လည်း မနက်စာစားဖို့စောင့်နေလောက်ပြီ။ ထတော့"

ကုတင်ပေါ်ကနေ ကုန်းရုန်းထလာပြီး ရေချိုးခန်းထဲဝင်သွားသည်။

အဲ့ဂျစ်တူးလေးက တအားအအိပ်မက်တာ သူအိပ်နေတာကို နှိုးရင်လဲမကြိုက်ဘူး။ သူစိတ်ကြိုက်အိပ်လို့ဝမှ စိတ်ကြည်တာတဲ့လေ။ အခုလည်း ဂျီဆူးကို အိပ်ချင်မူးတူးရုပ်လေးနဲ့ မျက်စောင်းထိုးပြီး ရေချိုးခန်းထဲဝင်သွားလေရဲ့။

"ပြီးရင်ထွက်ခဲ့တော့နော် အောက်မှာ အဖေတို့နဲ့အတူစောင့်နေမယ်"

"အွန်းးး"

ရေးချိုးခန်းထဲက လေးပင်စွာပြန်ဖြေတဲ့အသံလေးကြောင့် တစ်ချက်ပြုံးမိလိုက်သည်။ အဖေတို့စောင့်နေတာကြာပြီမို့ ဂျီဆူးအရင်ဆင်းသွားလိုက်သည်။

"လာလာလေးရော မနိုးသေးဘူးလား သမီး"

လီဆာ့မေမေက လီဆာ့ကို လာလာ ဆိုပြီး ချစ်စနိုးနဲ့ခေါ်တယ်။ မှတ်မိပါသေးတယ် အိမ်ကိုစရောက်ခါစ သူ့နာမည် လာလီဆာမာနိုဘန် ကို မာနိုဘယ်လို့ အသံထွက်မှားခေါ်မိလို့ မျက်မှောင်ကျုံ့သွားတာလေး။ ဂျစ်တူးလေးက တစ်ခါတစ်လေ လူကြီးဆန်ပြီး တစ်ခါတစ်လေကျ တကယ်ကလေးလေးအတိုင်းပဲ ဆိုးလဲဆိုးပါ့။

Crazy over youWhere stories live. Discover now