3

296 38 3
                                    

လီဆာ့မေမေနဲ့ အဖေကတစ်ခန်းထဲအိပ်ကြပြီး သူတို့အခန်းဘေးမှာ ဂျီ‌ဆူးအခန်းရှိတယ်။ ဂျီဆူးရဲ့မျက်နှာချင်းဆိုင်အခန်းမှာတော့ ဟိုအရူးလေးရဲ့ အခန်းပေါ့။

မနက်၆နာရီရောက်တိုင်း ဂျီဆူးဟာ alarm ပေးစရာမလိုအောင်ကို မျက်လုံးတွေကပွင့်လာသည်။ အကျင့်ဖြစ်သွားတာလို့ပြောရမလား အမြဲတမ်း ၆နာရီထနေကျဆိုတော့ ကြာတော့ alarm ‌တောင်မလိုတော့ဘူး။

ဆောင်းဝင်ခါစ မနက်ခင်းတွေဆို အေးလာပေမဲ့ ဂျီဆူးကတော့ မနက်ပိုင်းရေချိုးရင် ရေအေးနဲ့ပဲချိုးဖြစ်တယ်။ ရေချိုးပြီးတာနဲ့ မျက်နှာအပေါ် suncream လိမ်းပြီး နှုတ်ခမ်းနီ အရောင်ခပ်ဖျော့ဖျော့လေးကိုဆိုးကာ ဆံပင်မတိုမရှည်လေးကို သေချာဖီးရင်း ဆိုင်သွားဖို့ အဆင်သင့်ဖြစ်နေပြီ။

"ဆိုင်သွားတော့မှာလား မနက်စာတစ်ခါထဲဝင်စားသွားလေ"

အပေါ်ထပ်ကဆင်းလာတော့ မနက်စာစားဖို့ပြင်ဆင်နေတဲ့ လီဆာ့မေမေက ကျွန်မကိုမနက်စာစားဖို့ခေါ်တယ်။ လီဆာကတော့ ခေါင်းကိုငုံ့ပြီးစားနေတာ ကျွန်မကိုတစ်ချက်လေးမှမကြည့်။

"‌အဖေရော"

"အကိုက အလုပ်ကိစ္စကြောင့် ဒီနေ့အစောကြီးထပြီးသွားတယ်လေ အစည်းအဝေးလဲရှိသေးလို့တဲ့"

"ဪ"

စကားသံတို့တိတ်ဆိတ်သွားပြန်သည်။ သူမလည်းစားစရာရှိတာ စားပြီး ဆိုင်ကိုထွက်လာခဲ့လိုက်သည်။ ဒီနေ့တော့ ဟိုကောင်မလေး မလိုက်လာပါ။
∼∼∼

"လာလာ အဲ့ဖုန်းတစ်လုံးနဲ့ပဲ အချိန်ကုန်နေတော့မှာလား"

ဧည့်ခန်းထဲက ဆိုဖာမှာထိုင်ပြီး iPad နဲ့အလုပ်ရှုပ်နေတဲ့ လီဆာ့ကို အမေက  kitchen room ထဲကထွက်လာပြီး ဆူတယ်။

"မေမေက သမီးအတွက်ပြောတာ‌ပါ။ အိမ်တွင်းပုန်း‌နေမယ့်အစား အပြင်ပတ်ဝန်းကျင်မှာ သမီးဝါသနာပါတာလေးတွေ ထွက်လုပ်ပါလား"

"ဟုတ်ကဲ့"

ပြန်မပြောနားမထောင်လေးပါ။ တစ်ချိန်လုံး အဲ့ဖုန်းတစ်လုံးနဲ့အချိန်ကုန်နေတာ လူကမျက်မှန်ချွတ်လိုက်ရင် ဘာမှမြင်ရတာမဟုတ်ဘူး။ သူဝါသနာပါတဲ့ ကင်မရာတစ်လုံးနဲ့ ဓာတ်ပုံလျှောက်ရိုက်တတ်တဲ့ အကျင့်လေးက သူ့ဖေဖေဆုံးပြီးတည်းက ပျောက်သွားခဲ့တာ အခုထိဆိုပါတော့။
▶▶▶

Crazy over youWhere stories live. Discover now