2

283 50 7
                                    

"သမီး ထမင်းစားချိန်ခဏပြန်လာခဲ့ပါလား။ မနေ့တုန်းက မိတ်ဆက်ပေးရုံပဲရှိတာ စကားသေချာမပြောဖြစ်ကြဘူးထင်လို့။ သူတို့လဲ ဒီမနက်လာကြမှာ"

"ဟုတ်ကဲ့ ထမင်းစားချိန်ပြန်လာခဲ့ပါ့မယ်။ ဒါဆို သမီးသွားပြီနော်"

ဆိုင်လေးက ၂လမ်းကျော်လေးတင်မို့ အမြဲတမ်းလမ်းလျှောက်သွားဖြစ်တယ်။ အဖေကတော့ သူ့ကားနဲ့ ကုမ္ပဏီမသွားခင် လိုက်ပို့မယ်ပြောပေမဲ့ လမ်းလျှောက်တာက ကျန်းမာရေးနဲ့ ညီညွတ်တာမို့ ကိုယ့်ဘာသာပဲ လမ်းလျှောက်သွားလေ့ရှိတယ်။

ဆိုင်ရဲ့အဝင်တံခါးလေးမှာ ချိတ်ထားတဲ့ close ဆိုတဲ့ ဘုတ်ပြားလေးကို open ဘက်သို့လှည့်လိုက်သည်။

ကျွန်မရဲ့ တစ်နေ့တာလုပ်ငန်းစဉ်စပါပြီ။ ပထမဆုံးအနေနဲ့ အမြဲလိုလိုနားထောင်ဖြစ်တဲ့ သီချင်းလေးတစ်ပုဒ်ကို bluetooth နဲ့ join ပြီး စဖွင့်လိုက်သည်။

ဆိုင်ထဲတွင် ခပ်ငြိမ့်ငြိမ့် သီချင်းသံလေး ပျံ့လွင့်လာသည်။ ‌၆နာရီကျော်ကျော်လောက်ဆိုတော့ လူတွေလာကြမှာမဟုတ်သေးဘူး ဒါကြောင့်မို့ ခုံတွေဖုန်‌လိုက်သုတ်တာတို့ လုပ်စရာရှိတာလေးတွေဆက်လုပ်နေလိုက်သည်။

"အဟမ်း"

ကျွန်မအနောက်လှည့်ပြီး ခွက်လေးတွေကိုသုတ်ရင်း သေချာစီထားနေတုန်း တစ်ယောက်ယောက်က ချောင်းဟန့်လိုက်တာကြောင့် Customer တွေလာပြီအထင်နဲ့လှည့်ကြည့်လိုက်တော့ ဂျစ်ကန်ကန်နဲ့ ဟိုကောင်မလေးဖြစ်နေတာပဲ။ နေပါဦး သူကအစောကြီးဘာလာလုပ်တာတုန်း။ မနေ့က လာမယ်လို့ပြောသွားတယ်‌ဆိုပေမဲ့ ဒီအချိန်လာမယ်လို့မထင်မိ လာမှာမဟုတ်လောက်ဘူးလို့ပဲထင်နေတာ။

"တစ်ယောက်တည်းလား? အကူအလုပ်သမား‌မထားဘူးပေါ့"

လာလီဆာ မာနိုဘယ်ဆိုလား ဘန်ဆိုလား အဲ့ကောင်မလေးက မပြောမဆိုနဲ့ counter နဲ့ အနီး‌ဆုံး ဝိုင်းမှာဝင်ထိုင်လိုက်သည်။

"ဆိုင်က အရမ်းမကြီးလို့ ပြီးတော့ လူတွေကအများကြီးလဲလာကြတာမဟုတ်ဘူး အဲ့တာကြောင့်မို့ ကိုယ့်ဘာသာပဲလုပ်တာ"

"ဘာကူလုပ်ပေးရမလဲ ဂျီဆူး"

"ရတယ် မင်းဘာသာပဲ ငြိမ်ငြိမ်ထိုင်နေ"

Crazy over youWhere stories live. Discover now