🐶 🐈

230 9 1
                                    

သံသရာမှာ လူတစ်ဦးနဲ့တစ်ဦး ဆုံတွေ့ရတာဟာ ဘာအတွက်ကြောင့်လို့ ထင်ပါသလဲ ။ အမျိုးမျိုး ထင်မြင်တွေးတောကြပေမယ့် ကျွန်တော်ကတော့ ရှေးဘ၀က အတူတူပြုခဲ့ဖူးတဲ့ ကုသိုလ်တွေကြောင့် ဒီဘ၀မှာ ပြန်ဆုံဖို့ ဖြစ်လာတယ်လို့ဘဲ ထင်မိတယ် ။ တချို့တွေကို ဖြတ်သွားဖြတ်လာအနေနဲ့သာ ဆုံတွေ့ခွင့်ရပြီး လူပေါင်းမြောက်များစွာထဲက တစ်ဦး ကိုတော့ ဘ၀ရဲ့ နောက်ဆုံး ထွက်သက်ထိ တူတူဖြတ်သန်းဖို့ရန် ဆုံစည်းကြရတယ်။ ဒါကို "ရေစက် " လို့ လူအများက သမုတ်ကြတယ်တဲ့ ။ဒါဆို ကျွန်တော့်အတွက်တော့ metawin ဆိုတဲ့ အမျိုးသားလေးဟာ ကျွန်တော့်ဘ၀အတွက် ဖြစ်တည်လာတယ်လို့ ထင်မှတ်ရလောက်တဲ့ ရေစက်လှလှလေးပါဘဲ...။

သူနဲ့ ဆုံတွေ့ခဲ့ရတာက ထူးဆန်းတယ် ။ ရုတ်တရက်ဆန်တဲ့ အဖြစ်အပျက်လို့ဘဲပြောရမလား ။ ဒါမှမဟုတ် ရုပ်ရှင်တွေထဲက မင်းသားနဲ့ မင်းသမီး ဆုံတွေ့သလိုမျိုး လို့ဘဲ ပြောရမလား။
ဖေဖော်ဝါရီလရဲ့ နေသာတဲ့  နေ့တစ်နေ့မှာ ကျွန်တော့်နှလုံးသားက လူသားတစ်ယောက်အတွက် ပြန်လည် အသက်၀င်လာခဲ့ပါတယ် ။

"‌ဝုတ် ဝုတ် ဝုတ် "

"အာ Bentley !! Bentley "

ခွေးဟောင်သံနှင့်အတူ လူတစ်ယောက်အသံကိုပါ ကြားလိုက်ရသည်မို့ ဖတ်‌လက်စ စာအုပ်ကို ဘေးခဏချကာ စူးစမ်းကြည့်လိုက်မိသည်။ ပုံမှန်ဆို စူးစမ်းရတာဝါသနာမပါ ။ သို့ပေမယ့် ခွေးဟောင်သံကြားကတည်းက စိတ်မအေးတော့ ။ ကျွန်တော့်လက်ထဲမှာပွေ့ချီထားတဲ့ Ame အမွှေးလေးတွေကို ပွတ်သပ်ရင်း ခြံ၀သို့ ထွက်လာခဲ့လိုက်သည်။

"ဝုတ် ဝုတ် ဝုတ် "

အညိုရောင်အမွှေးလေးတွေရှိတဲ့ ခွေးက ကျွန်တော့်အိမ်ဘက်သို့ပြေးလာနေသည်။ အနောက်က အဖြူရောင် ရှပ်အပွ နှင့် ဂျင်းဘောင်းဘီ အပွတွဲဖက် ၀တ်ဆင်ထားတဲ့ လူငယ်တစ်ယောက်က အနောက်မှ ပြေးလိုက်နေသည်။ ကြည့်ရတာတော့ ခွေးနဲ့အတူ လမ်းလျှောက်ထွက်လာရင်း ကြိုးလွတ်သွားတာဖြစ်လိမ့်မည်။

"ဖမ်းထားပေး ဖမ်းထားပေးဦး "

အဝေးမှ အော်ဟစ်ပြောနေတဲ့ အသံကြောင့် ကျွန်တော်ဘာလုပ်ရမလဲမသိ ။ Ame ကို အောက်သို့ ချလိုက်လို့လည်းမဖြစ် ။ Ame ကို ချီပြီးတော့လည်း ခွေးကို ဘယ်လိုဖမ်းရမလဲ ကျွန်တော်မသိ။ တော်ကြာ ကျွန်တော့် သမီးလေးကို ကိုက်ရင်...။

BW fanfiction Where stories live. Discover now