61 5 0
                                    

"ဆာဝါဒီခပ် P' ကျွန်တော်က Win Metawin ပါ P' နဲ့တူတူနေရမယ့်အခန်းဖော်ပါ ရှေ့လျှောက် တစ်ယောက်နဲ့တစ်ယောက်ဖေးမပြီး တူတူနေသွားရအောင်နော် "

စာသင်နှစ် ပထမနှစ်တစ်လျှောက်လုံး တူတူနေရမယ့် အခန်းဖော်ကို ပျူပျူငှာငှာ နှုတ်ဆက်လိုက်ပေမယ့်လည်း တစ်ချက်တောင် လှည့်မကြည့်လာချေ ။

ကျွန်တော့်ကို ကျောပေးထားပြီး စားပွဲပေါ်က စာရွက်ကို ဟိုလျှောက်ခြစ် ဒီလျှောက်ခြစ်လုပ်နေသူက ကျွန်တော့်ခေါ်သံကို ကြားဟန်မတူ ။

လွယ်ထားတဲ့ ကျောပိုးအိတ်ကို ကုတင်ပေါ်ပစ်ချလိုက်ပြီး သူရှိရာ စားပွဲဆီကို ဖြည်းဖြည်းချင်းလျှောက်လာလိုက်သည်။

အနောက်ကနေ ပုခုံးကို ဖွဖွထိလိုက်တော့ လှည့်ကြည့်လာတဲ့ စူးရှရှအကြည့်တွေ..။ မျက်ခုံးတွေကို အလိုမကျသလို စုကြုံ့ထားပြီး ကျွန်တော့်ကိုစေ့စေ့ကြည့်သည်။

သေချာကြည့်မှ မျက်တောင်တွေက အရှည်ကြီးဘဲ..။မျစ်ရစ်ကလည်း ထင်းနေပြီး နှုတ်ခမ်းက အသည်းပုံစံလိုလို ။ မေးရိုးက တင်းနေပြီး တစ်ချက်မှ ပြုံးရယ်ခြင်းမရှိ ။ကျွန်တော့်အား အလိုမကျသလို ကြည့်နေတဲ့သူကို ပြုံးပြလိုက်ပြီး

"ဆာဝါဒီခပ် ကျွန်တော်က.."

ကျွန်တော့်စကားမဆုံးခင်မှာဘဲ တခြားတစ်ဖက်ကို လှည့်သွားပြီး ဟိုလျှောက်ခြစ် ဒီလျှောက်ခြစ်လုပ်နေပြန်သည်။ သူ့ပုံစံက ဆွဲဆောင်မှုတော့ရှိလှသည်။ အဖြူရောင် ချိုင်း(ဂျိုင်း)ပြတ်အင်္ကျီကို ၀တ်ဆင်ထားသဖြင့် ကြွက်သားဖုဖု‌တို့ကို အထင်းသားမြင်နေရသည်။

လည်ပင်းနား ရောက်တော့မည့်ဆံပင်များကို စုစည်းထားသောကြောင့် တစ်မျိုးဆွဲဆောင်မှုရှိလှသလို နားတစ်ဖက်၌ နားကပ်တစ်ခုကို ၀တ်ဆင်ထားသေးသည်။

ပေါင်းသင်းဆက်ဆံရေး ညံ့တဲ့သူဘဲ ဖြစ်ရမည်ဟု ကောက်ချက်ချကာ

"ကျွန်တော်က Win Metawin ပါ ရင်းရင်းနှီးနှီး Metawin  လို့ခေါ်လည်းရပါတယ် ဒါဆိုရှေ့လျှောက်တူတူ ခင်သွားပြီး ကျွန်တော့်ကို ကိုယ့်ညီ‌လေးလို သဘောထားပြီး ဆုံးမနိုင်ပါတယ် "

You've reached the end of published parts.

⏰ Last updated: Apr 15 ⏰

Add this story to your Library to get notified about new parts!

BW fanfiction Where stories live. Discover now