"အဟွန့် ဟွန့် "
ချောင်းတစ်ချက်နှစ်ချက်ဟန့်လိုက်ပြီး လည်ပင်းကို အသာစမ်းမိသည်။ အသံက နာစပြုချင်လာပြီ ။ တစ်ခါတစ်လေတော့လည်း နာမည်ကြီး ရုပ်ရှင်မင်းသားတစ်ယောက် ဖြစ်ရသည်မှာ မလွယ်ကူလှ ။ တစ်နေ့တစ်နေ့ ပွဲတွေကဆက်တိုက်တက်ရသည့်အပြင် fan meeting နှင့်တခြားသောလုပ်စရာတွေမှ တကယ့်ကိုအများကြီးပင် ။ နားချိန်ဟူ၍ ရေရေရာရာမရှိ ။ အခုလည်း မနက်ဖြန်ည ပွဲအတွက် အသံစမ်းလေ့ကျင့်နေခြင်းဖြစ်သည်။သီချင်းတစ်ပုဒ်အပြီး ခေတ္တနားတော့ ဟန်တောင်မဆောင်နိုင်ဘဲ ထိုင်ခုံပေါ် ပစ်လှဲချလိုက်သည်။
"တီ တီ "
ဖုန်းက နိုတီတက်လာတဲ့အသံနဲ့အတူ screen ပါမီးလင်းလာသည်။ မျက်ရိုးတွေကို ဖိနှိပ်နေတဲ့ လက်ကို ခဏချရင်း ဖုန်းကို ကောက်ကိုင်လိုက်မိသည်။
"P' Bii susuna !!"🐰
"my bunny 🐰" ဆိုတဲ့ nickname နဲ့ တစ်ယောက်သောသူဆီမှ စာတိုလေး၀င်လာတော့ အမှတ်တမဲ့ပြုံးမိသည်။ ထိုသူဘယ်သူလဲဆိုတဲ့အကြောင်းပြောပြရလျှင်တော့ ဘ၀သံသရာ ရထားကို စီးရသလို ကြာရှည်လိမ့်မည်။
လိုရင်းတိုရှင်းပြောရရင် သူက ကျွန်တော့်ဘေးမှာ တစ်သက်လုံးခေါ်ထားချင်မိတဲ့ အရင်းနှီးဆုံး သူစိမ်းပါဘဲ ။
"မနက်ဖြန်မနက်အချိန်ရလား "
အဲ့စာတစ်ကြောင်းကို ပို့လိုက်ရင်းဖုန်းကိုအသေအချာစိုက်ကြည့်နေမိသည်။ အစက်သုံးစက်ကိုမြင်ရတော့ သူ့ဆီက ပြန်လာမယ့်စာကို ရင်တလှုပ်လှုပ်နဲ့ စောင့်မျှော်နေမိသာ ကျွန်တော်သာအသိဆုံး ။
"မရလောက်ဘူး တစ်နေကုန် ရှုတင်ရှိတယ် ပြီးတော့ ညပိုင်းကျ ဒင်နာ လည်းတက်ရဦးမှာ "
"ဟူး "
သက်ပြင်းချရင်း "အင်းပါ " လို့ဘဲ စာပြန်ပို့ကာ စိတ်ညစ်သွားသလို ။ တကယ်တော့ မနက်ဖြန် Christmas မို့ ရတဲ့အချိန်ခဏလေးမှာ အရသာရှိတဲ့ စားသောက်ဆိုင်ကို တူတူသွားမယ်လို့ တွေးထားခဲ့တာ..။ သူလည်း နာမည်ကြီး ရုပ်ရှင်မင်းသားတစ်ယောက်မို့ ကျွန်တော့်နည်းတူ အားလပ်ချိန်ရှိလိမ့်မည်မဟုတ်လို့ အရင်ကြိုတွေးထားခဲ့ပေမယ့်လည်း လူ့သဘာ၀ နည်းနည်းတော့ မျှော်လင့်ခဲ့မိတာ..။