"kiss kiss kiss kiss kiss "
လူပေါင်းမြောက်မြားစွာရဲ့ ဆူညံသံတွေနဲ့ ပြည့်နေတဲ့ကြားထဲမှာ ကျွန်တော် ရပ်နေမိသည်။ အဲ့ဒီမှာ ရှိရှိသမျှ လူအားလုံးရဲ့ မျက်လုံးတွေက တစ်နေရာတည်းကိုသာ focus ထားထားသည်။ ဒါတင်မကသေး လက်မြှောက်ကာ " kiss kiss " ဆိုပြီး အော်ဟစ်နေကြသေးသည်။ ထိုသို့ လူအာရုံစိုက်ခံနေရတာ ကျွန်တော်တစ်ယောက်တည်းတော့မဟုတ်ချေ ။ ကျွန်တော်နှင့် မျက်နှာချင်းဆိုင်မှာရပ်နေတဲ့ လူတစ်ယောက်ရော အပါအ၀င်ဖြစ်သည်။
နဖူးပေါ်ကို ဆံပင်တစ်စနှစ်စ ကျနေပြီး ဆံပင်ကလည်း နားထင်အောက်ထိရောက်နေသေးသည်။ ဒါ့အပြင် နားရွက်မှာ တလက်လက်ထနေတဲ့အရာတစ်ခု ။ နားကပ် ဖြစ်ပါလိမ့်မည်။ သူ့ရဲ့ ၀တ်စားဆင်ယင်မှုက free style ဘက်သွားသော်လည်း ကြည့်ရမဆိုးချေ ။ သူ့ရဲ့ တစ်ကိုယ်လုံးမှာ အထူးခြားဆုံး အရာကိုပြောပါဆိုလျှင် မျက်လုံး..။ သူ့မှာ အရမ်းဆွဲဆောင်မှုရှိတဲ့ မျက်လုံးတွေရှိသည်။ မျက်ရစ်က ထင်းနေပြီး မျက်တောင်များကလည်း ရှည်လျားစွာ..။မျက်ခုံး အနီးနားလေးမှာတော့ အမာရွတ်တစ်ခုရှိနေသော်လည်း ထင်သလောက်ကြည့်ရမဆိုး မဟုတ်ဘူး ကြည့်ရဆိုးတယ်လို့ကို မထင်ရတာဖြစ်သည်။ တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းတွေ.. အားလုံးကို ခြုံငုံပြီးပြောရမည်ဆိုလျှင် ကျွန်တော့်ရှေ့ ရပ်နေတဲ့ ထိုလူဟာ ရုပ်ရည်ရူပကာ ချောမောတဲ့ထဲ ပါသည်ဟု မှတ်ချက်ချရပေလိမ့်မည်။
"kiss kiss kiss "
တစ်စက္ကန့်ကျော်ကျော်လောက် အရှေ့ကလူကို အကဲခတ်နေစဉ် ကမ္ဘာကြီးက ရပ်တန့်သွားသလို ။ ခုမှ ဆူညံသံတွေက ပြန်အသက်၀င်လာသည်။ ထိုအထဲ စင်ပေါ်မှ"Post Malone" ရဲ့ကြည်လင်ပြတ်သားတဲ့အသံက ထွက်လာသည်။
"Kiss kiss "
ထိုအသံကိုကြားပြီးသည်နှင့်တစ်ပြိုင်နက် ကျွန်တော့်နှုတ်ခမ်း ပူနွေးသွားသည်ကို ခံစားလိုက်ရသည်။ ခဏလေး တကယ့်ကို ခဏလေးပါဘဲ ။ တစ်ခါမှ မသိ နာမည်တောင် မသိတဲ့ အရှေ့ကလူရဲ့ နှုတ်ခမ်းနဲ့ ထိတွေ့လိုက်ရမှုက မျက်တောင်တစ်ချက်ခတ်တဲ့အချိန်လောက်ပါဘဲ ။ပြီးတော့ ယောက်ျားချင်း......။
"Yayyyyyy"
Concert တစ်ခုလုံးမှာရှိတဲ့ လူတွေ ဝိုင်းအော်ဟစ်ကြပြီးနောက် ကျွန်တော့်အပေါ် အာရုံစိုက်မှုမရှိကြတော့ ။ Concert ကိုသာ ပြန်အာရုံစိုက်သွားကြသည်။ ကျွန်တော်ကတော့ ခုထက်ထိ အတွေးပေါင်း မြောက်မြားစွာနဲ့ နှုတ်ခမ်းကို လက်ဖြင့် ထိတွေ့ရင်း တွေဝေရင်း..။