.........ကို Nine ကျွန်တော်ပြောစရာရှိလို့.....
အလုပ်ကိစ္စအတွက်ဒါရိုက်တာအဖွဲ့ဝင်တွေကိုရုံးခန်းထဲမှာခေါ်တွေ့ပြီးအားလုံးထွက်သွားတော့မှ Boun ကစကားစလာတယ်။
........အင်း ပြောလေညီညီ.........
.......ကျွန်တော် အပြင်မှာပဲနေတော့မလို့... Villa ဝယ်ပြီးတော့......
အစည်းအဝေးပြီးတော့စားပွဲမှာထိုင်ပြီးစာရင်းFileတွေကြည့်နေတဲ့Kaoတစ်ယောက် Sofaမှာ ထိုင်ရာမထသူ့ကိုမကြည့်ပဲပြောနေတဲ့ Boun ကိုလှမ်းကြည့်လိုက်တယ်။
..........P'ခွင့်မပြုနိုင်ဘူးညီညီ........
..........ဘာလို့လဲ..........
........ဘာလို့လဲဆိုတော့ ညီညီက P'ရဲ့ညီမို့လို့ မိသားစုဝင်မို့လို့ အိမ်မှာပဲနေစေချင်တာ.....ညီညီဘာလိုအပ်ချက်တွေရှိလဲ P'ကိုပြော.......
...........ဘာမှမလိုဘူး....လက်ဖြန့်တောင်းရအောင်လည်းကလေးမဟုတ်ဘူး.....
နေလို့ရမလားလို့ခွင့်တောင်းကြည့်တာနေလို့မရတော့လည်းမနေဘူးပေါ့...သိပ်ကိုနာခံတာလို့တော့မထင်နဲ့နော်ကိုNine...
ကျွန်တော်ကလန်ကဆန်လုပ်ရင်ကိုNineက Maeကိုသံတော်ဦးပြေးတင်မယ်..အဲဒီတော့Maeစိတ်မကောင်းဖြစ်ပြီးစိတ်ထိခိုက်ရုံပဲရှိမှာ...Maeကိုစိတ်ဒုက္ခမရောက်စေချင်လို့ ကျွန်တော်တစ်ထစ်လျှော့လိုက်တာ.....ကိုNineကြောင့်မဟုတ်ဘူး......စကားတွေရှည်လျားစွာပြောပြီးSofaခုံလက်တန်းကိုလက်သီးနဲ့ခပ်ပြင်းပြင်းတစ်ချက်ထုကာBounထွက်သွားတယ်။
Kaoကတော့ကြည့်လက်စFileကိုပိတ်ကာတစ်ကိုယ်လုံးလှန်ပြီးခုံမှာမှီလိုက်တယ်။ ခက်တော့ခက်တယ်ညီညီ...
P'အပေါ်အမြင်စောင်းနေတာတွေဘယ်တော့မှမကြေလည်နိုင်တော့ဘူးလား.........။
YOU ARE READING
(အချစ်ဖြင့်သာပြုပြင်ပါ)Complete
FanfictionKaoEarth (FanFiction) အချစ်ဆိုတာမျိုးကလေ..တကယ့်အချစ်စစ်နဲ့ကြုံဆုံလာရတဲ့အခါယောကျ်ားမိန်းမလိင်သဘာဝတွေ.အသက်အရွယ်ကွာခြားချက်တွေကသိပ်အဓိကမကျတော့ပဲချစ်တဲ့စိတ်တစ်ခုနဲ့သစ္စာရှိဖို့ဆိုတာပိုပြီးအရေးပါကြောင်းသိလာတဲ့အချိန်မှာဒီFicလေးကိုရေးဖို့စိတ်ကူးရခဲ့ပါတယ်။လ...