အချစ်ဖြင့်သာပြုပြင်ပါ(Ep~11)

25 4 12
                                    

Wine ခွက်ကိုလှုပ်ယမ်းနေရင်း စားပွဲပေါ်မှာပြန့်ကြဲနေတဲ့ပုံတွေကို Snowကြည့်နေမိတယ်။ဓာတ်ပုံပြပွဲထဲမှာရယ်မောပျော်ရွှင်နေကြတဲ့သူတွေ....အထူးသဖြင့် P'Kaoရှေ့မှာပိုပြီးတောက်ပကြည်လင်နေတဲ့Earthရဲ့အပြုံးများ...။

......နင်က ဒီအခြေအနေတောင်ရောက်နေပြီပေါ့နော် Earth......ငါ့အတွက်ကျတော့ လုံးဝဝင်မလာနိုင်အောင်တံခါးသော့ခပ်ထားခဲ့တဲ့နင်က P'Kaoကိုကျတော့ လာပါဝင်ပါလို့ နင်ကိုယ်တိုင်ဖိတ်ခေါ်နေသလိုပဲ....နင်ငါ့အပေါ်ကိုသိပ်ရက်စက်တယ်.....

Wineသောက်ရင်းတွေးနေမိသောသူမရဲ့အတွေးတွေကသိပ်ကိုတစ်ဖက်သပ်ဆန်လွန်းနေမလား။ အရှုံးလို့မသတ်မှတ်ချင်တဲ့စိတ်က Earthလက်ကိုမလွှတ်တမ်းဆုတ်ကိုင်ထားမိနေတုန်းပဲ။ ငါနင့်ကိုချစ်မိခဲ့တာသိပ်ကိုမှားနေလားဟင်...

📲📲📲📲Ring Ring Ring

.........Hello......ပြင်ဆင်စရာရှိတာပြင်ဆင်ထားပါ...အဆင်သင့်ဖြစ်ရင်ဆက်သွယ်လိုက်ပါမယ်....

Phoneပြောခြင်းကိုလက်စသပ်လိုက်ပြီး
အဝေးကိုဆက်ငေးနေရင်းသူမတွေးလိုက်တာက...အချစ်နဲ့စစ်မှာမတရားတာမရှိဘူးEarth...။

............................................

ကိုယ်တိုင်လာပို့မယ်လို့ကိုယ်မထင်ထားဘူး Earth

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

.........ကိုယ်တိုင်လာပို့မယ်လို့ကိုယ်မထင်ထားဘူး Earth.....

........လာပို့ပေးရမှာပေါ့P'ရဲ့....P'ကပုံပိုင်ရှင်လေ..ခိုးရိုက်ထားမိတဲ့ကျွန်တော်ကP'ကိုအားနာနေမိတာ...

......ဪဒါဆို Earthက P'ကိုအားနာတဲ့စိတ်ကြောင့် အလိုက်သင့်ပြန်ပြောနေရတာပေါ့လေ.....

.....အဲဒီလိုမဟုတ်ပါဘူးနော် Earth P'Kaoကိုခင်ပါတယ်ဗျ...ဒီပုံလက်ဆောင်ပေးတယ်ဆိုတာကလည်းခင်မင်မှုအမှတ်တရအနေနဲ့ပါ...

(အချစ်ဖြင့်သာပြုပြင်ပါ)CompleteWhere stories live. Discover now