အချစ်ဖြင့်သာပြုပြင်ပါ(Ep~2)

40 4 4
                                    

မမရေ မမSammy

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

......မမရေ မမSammy......

.....ဝေ....အိမ်ရှေ့ကဘယ်သူလဲ..မီးဖိုထဲဝင်လာခဲ့လေ......

လှမ်းခေါ်လို့အကြောင်းပြန်ပေးလိုက်တော့ မီးဖိုထဲဝင်လာတာက Snowဖြစ်နေတယ်။

........အယ် ညီမလေးပါလား....

......ဟုတ် မမSammy....Kasamonnet ရောဟင်.....

..........မတွေ့တာနဲ့မေးတော့တာပဲကိုး....

......အာ မမကလည်း ဟုတ်ပါဘူး
ပြင်သစ်ကအပြန်ဘာလက်ဆောင်များပါလာလေမလဲလို့ ဟီး...

.....အမလေး ပါတယ်ပါတယ်...သူ့ကိုမမမှာတာတင်အများကြီး ညီမလေးဖို့လည်းပါကိုပါလာမှာမပူနဲ့.......

......ဒါနဲ့ Parနဲ့Maeရောဘယ်သွားကြလို့လဲမမ မမြင်မိလို့....

.....ဘုန်းကြီးကျောင်းကိုမနက်အစောကြီးကတည်းက ဆွမ်းကပ်ဖို့သွားကြလေရဲ့..ဖွားဖွားနှစ်ပတ်လည်နေ့မို့လို့လေ....ညီမလေးရဲ့ Earth ကတော့အခန်းထဲမှာအိပ်လို့ကောင်းနေတုန်းပဲ..သွားနှိုးချေ.......

ငယ်ငယ်ကတည်းကပေါင်းလာတဲ့သူငယ်ချင်းတွေမို့Snowနဲ့မောင်လေးEarthက အတွင်းသိအစင်းသိမို့ခိုင်းလိုက်ခြင်းပါ။Sammyကသဘောရိုးနဲ့ပြောလိုက်မိပေမယ့်ကြားလိုက်ရတဲ့ Snowကတော့ ရင်ထဲဒုတ်ခနဲမြည်ကာရှိန်းခနဲဖြစ်သွားတယ်။

.....ဟုတ်မမ သွားနှိုးလိုက်မယ်....

......အေးအေး.......

အပေါ်ထပ်က လှေကားထိပ်တည့်တည့်ကအခန်းပိုင်ရှင်ကအခုထိအိပ်နေတုန်းထင်ပါ့..။ တံခါးဆွဲဖွင့်လိုက်တော့....

......ဟာ...Lockချထားတယ်....Earthရေ
ဟဲ့ ကာလနဂါးကောင်..ဘယ်အချိန်ရှိပြီလည်း ထတော့.....

တံခါးဖွင့်မရတဲ့Snowတစ်ယောက်တံခါးဝကနေပဲအသားကုန်အော်ခေါ်တော့တယ်။ ဆယ်မိနစ်လောက်နေတော့မှ...အခန်းတံခါးပွင့်လာတယ်။

(အချစ်ဖြင့်သာပြုပြင်ပါ)CompleteWhere stories live. Discover now