အချစ်ဖြင့်သာပြုပြင်ပါ(Ep~16)

20 4 19
                                    

..........MDအခန်းထဲဝင်လို့မရပါဘူး
ရှင့်..

အတွင်းရေးမှု၏အလန့်တကြားတားမြစ်သံကြားလို့Kaoအလုပ်လုပ်နေရာမှမော့ကြည့်မိတော့...။

...............ကိုကို................

...........မင်း......မင်းဒီကိုဘာလာလုပ်တာလဲ........

...........ခဏလေးပါကိုကိုရယ်....Lemon
ကိုကိုနဲ့စကားလေးခဏလောက်ပြောချင်လို့ပါ.......ခွင့်ပြုပါနော်.....

မျက်ရည်အိုင်လာတဲ့မျက်ဝန်းတွေ
ကြောင့် Kaoအတွင်းရေးမှုကိုအပြင်ထွက်ခိုင်းလိုက်တယ်။

.............ထိုင်ပါဦး....မင်းပြောစရာရှိတာခပ်မြန်မြန်တော့ပြောရလိမ့်မယ်...ငါမင်းကိုအချိန်အများကြီးမပေးနိုင်ဘူး.......

.......ကိုကိုရယ်စိမ်းသွားလိုက်တာ.......Lemon ကကိုကိုရဲ့ဇနီးဖြစ်ခဲ့ဘူးတဲ့သူပါကိုကိုရဲ့....

........ကွာရှင်းပြီးပြီပဲ....ဇာတ်လမ်းဆက်စရာဘာအကြောင်းရှိသေးလို့လဲLemon.....

..........ဟုတ်ပါတယ်....အရာအားလုံး
Lemonမှားခဲ့တာပါ...ဝန်ခံပါတယ်...
အဲဒီမှားခဲ့သမျှအမှားတွေအတွက်...ကိုကို့အပေါ်ကျုးလွန်မိခဲ့တဲ့အပြစ်တွေအတွက် Lemon တောင်းပန်ချင်လို့လာခဲ့တာပါ...ညစာစားပွဲလေးကိုကိုနဲ့အတူနှစ်ယောက်တည်းကျင်းပပြီးတော့ပေါ့....

........ငါကမင်းဖိတ်တိုင်းလာရမှာတဲ့လား.....

.......ကိုကိုမမြင်ချင်တဲ့မျက်နှာကို..ဒီနိုင်ငံမှာ.နောက်ဆုံးအကြိမ်တွေ့ရမယ်ပွဲမို့လို့ပါ.....

........ဘာ.........

...ဟုတ်တယ်ကိုကို....Lemon နိုင်ငံခြားကိုအပြီးထွက်သွားတော့မယ်..ဘဝတိုးတက်ဖို့အတွက်ရှိနေသေးလို့...အဲဒါကြောင့်နှုတ်ဆက်တဲ့အနေနဲ့ညစာစားပွဲလေးလုပ်ချင်တာပါ...လာပေးမယ်မို့လားဟင်.....

.......အေးပေါ့အကျိုးအကြောင်းတွေရှိနေတော့လည်း မိတ်ဆွေတစ်ယောက်အနေနဲ့ငါလာခဲ့ပေးပါမယ်......ငါ့ချစ်သူကိုပါခေါ်လာခဲ့မယ်....

.......Lemonကိုကြိုက်သလောက်အပြစ်ပြောပါမုန်းပါ..ရပါတယ်ကိုကို..ဒါပေမဲ့ ကိုကိုအဲဒီကောင်လေးကို
ကြင်နာယုယနေမယ့်မြင်ကွင်းကိုထိုင်ကြည့်နိုင်ရလောက်တဲ့အထိတော့..Lemonအသည်းမမာနိုင်သေးဘူးကိုကို...ကိုကိုတစ်ယောက်တည်းလာခဲ့ပေးပါနော်.....မေတ္တာရပ်ခံတာပါ ကိုကို.....ပြီးတော့ဘယ်သူနဲ့မှလည်းထပ်မတွေ့ချင်တော့လို့ဘယ်သူ့ကိုမှမပြောပါနဲ့နော်....

(အချစ်ဖြင့်သာပြုပြင်ပါ)CompleteWhere stories live. Discover now