1

12.3K 80 0
                                    

Uni

မီးရောင်စုံများဖြင့် တလက်လက်တောက်ပနေကာ
သီချင်းသံများဖြင့်ဆူညံနေသောကလပ်တစ်ခု၌

"စွဲညို့ မင်းဒီနေ့ ကျားတစ်ကောင်ရအောင်ဖမ်းကွာ"

"စိတ်ချပါ..ငါဒီလိုလုပ်ဖို့ဆုံးဖြတ်ပြီး‌မှတော့ ဖြစ်အောင်လုပ်ရမှာပေါ့"

"ဒါပေါ့ လူတိုင်းကထောက်ပံ့တဲ့သူလိုအပ်တယ် အထူးသဖြင့် မင်းလိုမျိုး ပိုက်ဆံသိပ်မရှိတဲ့သူတွေလိုပေါ့"

"ငါသိပါတယ်ကွာ..မင်းလစ်လိုက်တော့"

စွဲညို့ပြောလိုက်တာနဲ့ သူ့သူငယ်ချင်းက ထသွားတော့သည်။

စွဲညို့တကယ်စိတ်မွှန်းကျပ်နေလေပြီ..သူကအနုပညာရှင်တစ်ယောက်ဖြစ်သည်။ နာမည်သိပ်မရတဲ့သရုပ်ဆောင်ပေါ့။ အနုပညာလောက၌ သူ့လိုငွေမရှိထောက်ပံ့သူမရှိတဲ့ဘဝတွေက တကယ့်အပယ်ခံဖြစ်သည်။ ဒါကြောင့်သူ ထောက်ပံ့သူရှာဖို့ဒီကလပ်ကိုလာခဲ့သည်။ 'ဘယ်လိုရှာရလဲဆိုတော့ ခန္ဓာကိုယ်ပေးရတာပေါ့'ဒီကလပ်က မြို့ရဲ့အကြီးဆုံးကလပ်တစ်ခုဖြစ်ပြီး နာမည်ကြီးအနုပညာရှင်တွေနဲ့ တကယ့်ကျိကျိတက်ချမ်းသာတဲ့စီးပွားရေးရှင်တွေလာကြသည်။

သူတွေးနေစဉ် ကလပ်တစ်ခုလုံးက သီချင်းသံတွေတိုးသွားကာ တခြားဖက်မှလာနေသူကိုကြည့်လိုက်ကြသည်။
ထိုသူ့ကို ဒီကလပ်ရဲ့ အဆင့်မြင့်ဆုံးအခန်းကိုခေါ်သွားကြသည်။ ကြည့်ရတာ ထိုသူကဒီညရဲ့ အရေးပါဆုံးလူဖြစ်မည်ထင်၏။
စွဲညို့ကသန်မာန် ယောင်္ကျားလေးတစ်ယောက်မဟုတ်ပေ။ သူ့မှာလိင်နှစ်မျိုးပါတာဖြစ်သည်။

"ဟဲ့အဲဒါ...ဒီမြို့ရဲ့မျက်နှာဖုံးလေ.."

"ဟယ်..ဟုတ်လား"

စွဲညို့သူ့ဘေးမှကောင်မလေးနှစ်ယောက်ရဲ့စကားပြောသံကိုကြားလိုက်ရသည်။

"ဟုတ်ပါ့...အဲလူကြီးနားတော့ ချည်းကပ်ဖို့မပြောနဲ့ ခေါင်းတောင်မော်မကြည့်ရဲကြဘူး"

"ဘာလို့လဲ..."

"အမလေး....သူ့စိတ်ကသဘောမကျတဲ့သူကိုဆို ငမန်းစာကျွေးပစ်လိုက်တာတဲ့"

"ဘုရားရေ..ကြောက်ဖို့ကောင်းလိုက်တာ"

ဘေးမှာနားထောင်နေတဲ့ စွဲညို့ ကြက်သီးတောင်ထသွားတော့သည်။

My Sponsor Where stories live. Discover now