3

4.2K 63 2
                                    

Uni

စွဲညို့နိုးသည်နှင့် သူပထမဆုံးခံစားလိုက်ရတာက နာကျင်မှုပင်။

'အမယ်လေးငါ့ခါး..'

ညကအဖြစ်ပျက်များက သူ့ခေါင်းထဲဝင်လာကာ လန့်ဖျတ်သွားတော့သည်။

'စပွန်ဆာမရလဲနေပါစေတော့ ဒီလိုမျိုးကြီးကမခံနိုင်ဘူးလို့ ဒီလူကြီးမနိုးခင်အမြန်လစ်မှ'

သူ့ခါးကိုဖက်ထားတဲ့ လက်ကိုဖယ်ကာ ထဖို့လုပ်တုန်း..

"ဘယ်သွားမလို့လဲ.."

ကြားလိုက်ရတဲ့အက်ရှရှအသံကြောင့် နောက်လှည့်ကြည့်လိုက်တဲ့အခါ သူ့အား မှေးထောက်ကာ မျက်မှောင်ကြုတ်ကြည့်နေတဲ့ မျက်နှာချောချောကိုတွေ့လိုက်ရသည်။ ထိုလူ့အသားရေက ပျားရည်ရောင်ဖြစ်ပြီး ကိုယ်တစ်ပိုင်းလှစ်ဟာထားသည်မှ ကြွက်သားအမြှောင်းလိုက်က သတိမထားမိဖို့ခက်သည်။

"ဟို.."

"မင်းနာမည်ဘယ်လိုခေါ်လဲ..ကိုယ့်ဆီဘာရည်ရွယ်ချက်နဲ့ချည်းကပ်တာလဲ"

"ဘာ..ဘာရည်ရွယ်ချက်မှမရှိပါဘူး ညကကျွန်တော်ဆေးခတ်ခံထားရလို့ပါ.."

စွဲညို့ ငမန်းစာကျွေးခံရမည်ဆိုးတာကြောင့်အမြန်ရှင်းပြလိုက်သည်။ 'အင်း..ဆေးတော့မခတ်ခံရပေမဲ့ပေါ့..'

"အော်.."

"ကျွန်တော့်နာမည်..စွဲညို့မှုးဝေပါ.."

"အဟက်..အမှန်တိုင်းပြောစမ်း ဘာရည်ရွယ်ချက်နဲ့လဲ.."

"ဘာကိုလဲဟင်.."

အ့ာ!

ဟန်စစ်နိုင်က အရှေ့မှ‌အကောင်ပေါက်ကို စိတ်မရှည်စွာ သူ့အောက်မှာပြန်ဖိလိုက်သည်။

"ဘာရည်ရွယ်ချက်နဲ့ ကိုယ့်ဆီချည်းကပ်တာလဲ..!"

"ဟင့်..လွှတ်ပေးပါ..ဘာရည်ရွယ်ချက်မှမရှိပါဘူး..စွဲညို့ အခုထွက်သွားပေးပါ့မယ်..တောင်းပန်ပါတယ်..နာနေပြီလွှတ်ပေးပါ.."

ဟန်စစ်နိုင်က စွဲညို့ လက်မောင်းနှစ်ဖက်ကိုအတင်းဖိထားတာမို့ စွဲညို့နာလွန်းလို့မျက်ရည်ပါကျသည်။

"ကောင်းပြီလေ..ထွက်သွားတော့!"

"ဟုတ်.."

စွဲညို့လည်းကြောက်ကြောက်နဲ့အမြန်ထကာ အဝတ်စားကောက်ဝတ်ပြီး ထွက်သွားလိုက်သည်။

My Sponsor Where stories live. Discover now