Uni
"စွဲညို့ လာထိုင်လေ.."
"ဟုတ်ကဲ့ပါ ဒါရိုက်တာ"
ဒါရိုက်တာကြီးခေါ်တယ်ဆိုလို့ စွဲညို့ လာခဲ့တာဖြစ်သည်။ ခါတိုင်းဆို လေသံမာမာသာပြောတတ်ပြီး အရေးမပါတဲ့သူတွေကို အဖက်မလုပ်တတ်တဲ့ ဒါရိုက်တာကြီးက သူ့ကို တရေးတယူဆက်ဆံနေတာကြောင့် စွဲညို့နေရခက်လာသည်။
"မင်းနဲ့ ဥက္ကဌဟန်စစ်က အသိတွေဆိုတာ ဘာလို့အစောကတည်းက မပြောတာလဲကွယ့် "
"အာ..အဲတာကစကားမကြုံလို့ပါဗျာ.."
"အေးပါ အခုသိပြီဆိုတော့ မင်းကိုမှတ်ထားလိုက်ပြီ ဥက္ကဌကြီးကမင်းအတွက် နေရာကောင်းပေးဖို့ပြောထားတယ်ဆိုတော့အခုငါရိုက်နေတဲ့ ဇာတ်ကားမှာ မင်းကိုအရေးပါတဲ့ ဇာတ်ကောင်နေရာမှာထားပေးမယ်"
"ဗျာ!တကယ်လား"
"တကယ်ပေါ့ ဇာတ်ညွှန်းကို ငါ့လက်ထောက်ဆီမှာသွားယူလိုက် ငါပြောထားလိုက်မယ်"
"ကျေးဇူးတင်ပါတယ် ဒါရိုက်တာ.."
'နောက်ဆုံးတော့ သူ့ရဲ့ ဖြတ်လျှောက် ဇာတ်ဝင်ခန်းတွေက လွတ်ပြီ ဒါကတကယ်ကိုလွယ်ကူလွန်းတယ် ငွေဆိုတာဒီလိုပါလား..
.......
ဒူ~~ဒူ~~
"ဟယ်လို"
စွဲညို့ဇာတ်ညွှန်းဖတ်နေတုန်း ဖုန်းလာတာကြောင့်ကိုင်လိုက်သည်။
"ငါ!"
"ဘာကိစ္စရှိလို့ပါလဲ"
သူ့စပွန်ဆာကြီးရဲ့အသံကြားလိုက်ရတာကြောင့် စွဲညို့အနည်းငယ်အံ့ဩသွားသည်။
"ကိစ္စရှိမှခေါ်ရမှာလား ငါမင်းတိုက်ခန်းရဲ့အောက်ထပ်မှာ..!"
"ဟင်..ဒီနေ့က"
"ဆင်းလာခဲ့!"
သူတို့နှစ်ယောက်တွေ့ရမယ့်ရက်ချိန်းလဲမဟုတ်ပါပဲ ဘာလာလုပ်တာလဲ?
စွဲညို့ စိတ်ထဲတွေးဆဆဖြင့် အောက်ထပ်ဆင်းသွားလိုက်သည်။
"ဝင်ပါ.."
စွဲညို့က ဟန်စစ်ကိုသူ့အခန်းဆီ ဦးဆောင်ကာခေါ်လာသည်။
"စုတ်ပြတ်နေတာပဲ့.."
"ခင်ဗျားလို အဆင့်တန်းက ဒီနေရာနဲ့ မသင့်တော်ပါဘူး တခြားနေရာမှာ ချိန်းလဲရတာကို ဘာလို့ အိမ်အထိလိုက်လာတာလဲ.."
![](https://img.wattpad.com/cover/355510542-288-k53708.jpg)