တခါတလေ ဘဝက
မရည်ရွယ်မိတဲ့
အမှားလေးတွေကနေ
ကို့ယ်လည်ပင်းကို
ကြိုးကွင်းပြန်စွပ်မိတာမျိုး။တခါတလေ ဘဝက
လူတွေအကြိုက်လိုက်ရင်း
ကိုယ့်ကိုကို
မေ့လျော့သွားတတ်တာမျိုး။တခါတလေ ဘဝက
တန်ဖိုးထားခါမှ
ဆုံးရှုံးသွားရတတ်တာမျိုး။တခါတလေတော့လဲ
ကို့ယ်ကိုကို အပြစ်တင်နေမှ
နေသာထိုင်သာ ရှိတတ်တာမျိုး။တကယ်တော့ ဘဝက
မမျှော်လင့်ခြင်းနဲ့ စပီး
အဆုံးသတ်မှာလဲ
မမျှော်လင့်ခြင်းနဲ့ ဆုံးသွားရတာမျိုးပါ။ဘယ်လောက်ပဲ
မမျှော်လင့်တာတွေဖြစ်လာပါစေ
ငိုလိုက် ရီလိုက်
လဲကျလိုက် ပြန်ထလိုက်
ထပ်မျှော်လင့် လိုက်ပေါ့
လူသားပဲလေ။ပြန်ပြင်လို့ မရေတာ့တဲ့အမှားနဲ့
ပြန်တည်ဆောက်လို့ မရတဲ့ယုံကြည်မှု
ဒီနှစ်ခု တွေ့ကြတဲ့အခါမှာရော
အရင်လို လူသားဆန်နိုင်ပ မလား?ဟုတ်ကဲ့
ကျွန်တော် လူသားဆန်နေပမယ်
ရွေးချယ်စရာမှ မရှိပဲ
ဆက်မျှော်လင့်နေရုံပေါ့။* * *