Flash back start
ပထမဆုံးတွေ့ဆုံမှု
''ကျွန်တော်ထိုင်လို့ရမလား ''
ပန်းခြံထဲက ခုံတန်းရှည်လေးပေါ်ထိုင်နေတဲ့ Eunseokဘေးကို ဝင်ထိုင်တဲ့ကောင်လေး...
Eunseokပန်းချီဆွဲနေရင်း ဘေးကလာထိုင်တဲ့ကောင်လေးကို တစ်ချက်သာကြည့်ကာ မျက်လုံးကို သူဆွဲနေတဲ့ ပန်းချီကားဆီသာ အာရုံပြန်ပို့လိုက်သည်။
''သူခိုး...ဗျို့ ကျွန်မအိတ်ကို လုသွားတယ် သူခိုး ''
ဘေးနားပတ်ဝန်းကျင်တဝှိုက်မှာ ဆူညံသံတွေစုံလင်သွားပြီး စောစောလေးကတင်မှ သူ့ဘေးလာထိုင်နေတဲ့ ကောင်လေးကလည်း လှစ်ခနဲ ထပြေးလို့သွားသည်။
သိပ်မကြာလိုက် လျင်မြန်လွန်းတဲ့ ကောင်လေးက သူခိုးလို့ထင်ပုံရတဲ့လူကို ဖမ်းမိသွားပြီး ထိုသူခိုးကို လက်နောက်ပြန်ချိုးကာ ချုပ်လို့ထားသည်။
အနားပတ်ဝန်းကျင်တစ်ဝှိုက်က လူတွေလဲဝိုင်းအုံလာပြီး ထိုကောင်လေးကို ချီးကျူးလို့နေကြသည်။
သူခိုးလက်ထဲက ပိုက်ဆံအိတ်ကို ထိုကောင်လေးက ဆွဲယူကာ ဘေးက အန်တီကြီးဆီထိုးပေးလိုက်သည်။
''အန်တီ့ရဲ့ပိုက်ဆံရောပြည့်ရဲ့လား ရေတွက်ကြည့်ပါအုံး ''
ထိုအခါမှ အဒေါ်ကြီးလဲ သူ့ပိုက်ဆံအိတ်ထဲက ပိုက်ဆံတွေကို ဆစ်ကြည့်ပြီးပြုံးပျော်လို့နေသည်။
''ကျေးဇူးတင်ပါတယ် သားရယ်.. သား သာမကူညီရင် အန်တီ ဒီလအတွက် အန်တီ့သားလေးကို ကျောင်းစရိတ်ပေးနိုင်မှာမဟုတ်ဘူး ကျေးဇူးပါသားရယ် ''
အထပ်ထပ်အခါခါ ကျေးဇူးတင်နေတဲ့ အဒေါ်ကြီးနဲ့ ပြုံးရယ်ကာ အရိုအသေပေးနေတဲ့ ကောင်လေးကိုကြည့်ကာ Eunseok မျက်နှာကိုမဲ့ပစ်လိုက်သည်။
''အလကား လူ့ကျင့်ဝတ်တွေ...''
သူ့တစ်ကိုယ်စာ ကြားရုံမျှ တီတိုးရေရွတ်ကာ Eunseok သူဆွဲလက်စပန်းချီကို လက်စသတ်ပြီး သူ့ပစ္စည်းတွေကိုဘေးက Boxထဲ ကောက်ထည့်နေလိုက်သည်။
''ကိုကို ပြန်တော့ဖို့လား ''
Eunseok သူ့ရှေ့က အမောတကောပြေးလို့လာတဲ့ ကောင်လေးကို တစ်ချက်မော့ကြည့်လိုက်ပြီး သူ့ပစ္စည်းတွေထည့်ထားတဲ့ Boxအသေးစားလေးကို မ ' ကာ ထွက်လာခဲ့လိုက်သည်။